အပိုင်း - ၃

2.4K 288 42
                                    

Unicode

"တစ်ကယ်ဘာမှမရှိတော့ဘူးပဲ"

အရင်က တည်ရှိဖူးတဲ့အိမ်အစုလေးတွေဟာ အခုအချိန်မှာတော့ ‌ယမ်းမီးတွေကြောင့် မည်းညစ်ညစ်သစ်သားတိုင်အဖြစ်အသွင်ပြောင်းသွားကုန်တယ်။

လေဟာနယ်ထဲပျံ့လွင့်လာတဲ့ပြာအမှုန်စတွေကိုငေးကာ ဂျောင်ကုရင်ထဲတစ်ခုခုလစ်ဟာနေသလို။

ထယ်ယောင်းကလည်း မီးကျည်ခဲကြား သစ်သားတုံးမည်းမည်းလေးတွေသာကျန်တော့တဲ့ တောင်ကုံးပေါ်ကသူတို့ရဲ့စံအိမ်ကြီးကို ဆွေးဆွေးမြေ့မြေ့ကြည့်ရင်း အနာဂတ်မှာရှင်သန်နေထိုင်ဖို့အကြောင်းစဉ်းစားနေပုံ။

"စုစုပေါင်းဘယ်နှစ်ယောက်လဲ"

"အယောက်သုံးဆယ်"

လှေကားထစ်တွေနှယ် တစ်ယောက်အပေါ်တစ်ယောက်ဖရိုဖရဲဖြစ်စွာစုပြုံနေကြတဲ့အလောင်းများ။ တွယ်ကပ်ရာစိတ်ဝိဉာဥ်ထွက်ခွာသွားတဲ့ခန္ဓာနောက် အရိအရွဲတွေကလည်း တမြေ့မြေ့စီးပျော်ကျလာတယ်။

ယင်တဝီဝီ။ လောက်တရွဲရွဲ။

သေဆုံးခြင်းမှာ နေ့ညအချိန်မခွဲထားသော်ငြား ရုတ်တရက်ဆန်စွာငြိမ်းသက်သွားတဲ့အသက်မီးအိမ်တွေကို အုတ်ဂူကောင်းကောင်းတစ်ခုနဲ့ ဘယ်သူ့ကိုမှမမြှုပ်နှံပေးနိုင်တော့။

အလွယ်လမ်းအဖြစ် ရုပ်နာမ်သာကျန်ရှိတော့တဲ့ ခန္ဓာတွေကိုပေါင်းစုကာ သစ်သားတုတ်ကိုမီးရှို့လို့ အရိုးပြာအဖြစ်သာပြောင်းလဲလိုက်ရပါတော့တယ်။

"ကောင်းကောင်းသွားတော့နော် ကိုကို့ညီမလေး။ နောင်ဘ၀ရောက်ရင် ဒီထက်ပိုကောင်းတဲ့နေရာမှာပြန်မွေးဖွားလာခဲ့"

သေဆုံးချိန်သိပ်မကြာသေးတာကြောင့် တောင့်ခဲအေးစက်ရုံသာဖြစ်နေတဲ့ညီမလေးရဲ့လက်ချောင်းတွေထဲ သူ(မ) လိုချင်ခဲ့တဲ့ မိတ်ကပ်ဘူးလေးကိုဖိဆုပ်ကာထည့်ပေးလိုက်တယ်။

ထပ်မငိုဖြစ် .. ထပ်လည်းမငိုနိုင်တော့။

သူရှင်သန်ရဦးမယ် .. ဒီစစ်ကြီးကြားထဲကအခက်အခဲတွေကို ကြံ့ကြံ့ခံလို့ သူကျော်ဖြတ်ရပါဦးမယ်။

Destiny In Tide (Complete)Where stories live. Discover now