အပိုင်း - ၄

2.2K 300 45
                                    

Unicode

"ယန်းငါးဆယ်"

"ဟာ .. ယန်းငါးဆယ်ဆိုရင်များတာပေါ့ဗျ"

ဂျောင်ကုဘက်က ဈေးဆစ်စကားဆိုတဲ့အခါ အိမ်ပိုင်ရှင်အဘွားဟာ မျက်ထောက်နီနဲ့ ထယ်ယောင်းတို့ကိုစိုက်ကြည့်တယ်။ ကြောက်လန့်မှုကြား တုန်ယင်သွားပြီး ဂျောင်ကုရဲ့ကျောပြင်နောက် ဝင်ပုန်းလိုက်ရတဲ့အဖြစ်နဲ့အတူ ထယ်ယောင်းလက်ကိုမလွှတ်တမ်းဆုပ်ကိုင်ထားတဲ့ ကလေးသားလေးဟာလည်း ထယ်ယောင်းကို အားကိုးတကြီးဖက်တွယ်လာပါတယ်။

"များရင်မနေနဲ့လေ။ ငါလည်း၀င်ငွေမရှိလို့ ငှားရတာ"

ကျစ်ခနဲစုတ်သတ်တယ်။ ငွေစတွေက သိပ်မရှိတော့တာအမှန်ဆိုပေမဲ့လည်း ဒီလိုစုတ်စုတ်ပဲ့ပဲ့နေရာမျိုးမှာ ထယ်ယောင်းမနေချင်။

"ငါ .. ငါတို့တစ်ခြားနေရာကိုပြောင်းသင့်တယ်ထင်တာပဲ"

"လေးဆယ့်ငါးယန်းထားလိုက်ပါလား"

"ဟေ့ကောင် .."

တိုးကြိတ်ကြိတ်နဲ့ လက်မောင်းတင်းတင်းကိုဆွဲဆိတ်သော်ကြား သူ့ဘာသာ အိမ်ပိုင်ရှင်အဘွားနဲ့ ဈေးဆစ်ရင်း ထယ်ယောင်းကိုအဖက်တောင်ပြန်မလုပ်။

"ရတယ် .. လေးဆယ့်ငါးယန်းထားပေးမယ်။ အိမ်ကတော့ မြင်တဲ့အတိုင်း အဲ့လိုပဲ။ ဘာပရိဘောဂမှမရှိသလို၊ ပေးလည်းမပေးနိုင်ဘူး"

စကားလုံးတွေက ရင့်သီးမာထန်လွန်းနေပြီး တစ်ချက်တစ်ချက် စိုက်ကြည့်လာတဲ့မျက်၀န်းတွေကြား ထယ်ယောင်းမှာမနေတတ်၊ မထိုင်တတ်ဖြစ်စွာပဲ မွန်းကြပ်လာရတော့တယ်။

လက်ထဲ ပိုက်ဆံရောက်သွားတာနဲ့တစ်ပြိုင်နက် ထယ်ယောင်းတို့ကိုအဖက်မလုပ်တော့ဘဲ တစ်ဖက်မှာရှိတဲ့သူ(မ) ရဲ့အိမ်ထဲ တတောက်တောက်နဲ့လျှောက်သွားတယ်။

"ငါဒီမှာမနေချင်ဘူး"

ဖုန်တူလူလူးနဲ့ပင့်ကူမျှင်တွေကပ်တွယ်နေတဲ့ ဂိုထောင်သာသာအိမ်အစုတ်လေးကိုကြည့်ပြီး ထယ်ယောင်းငိုချင်လာရတယ်။

ကြမ်းခင်းသားတွေက သိပ်ပြီးချောမွေ့မှုရှိမနေ။ ဗုံးဒဏ်ရဲ့အစွယ်အပါးကြောင့် ခေါင်မိုးထက်မှာ အပေါက်တွေဟာလည်းပေါပေါသီသီ။ ဒီကြားထဲ အဆိုးတကာ့အဆိုးဆုံးအရာကတော့ တံခါးရွက်တွေတစ်ခုမှမရှိဘဲ အိမ်အပေါက်၀ကြီးဟာ ဟာလာဟင်းလင်းဖြစ်နေတာပါပဲ။

Destiny In Tide (Complete)Where stories live. Discover now