အပိုင်း - ၂၀

2.3K 284 30
                                    

Unicode

ဂျောင်ကုရဲ့နားထင်ထက်မှာ သွေးကြောလှိုင်းတွေ ခပ်ရေးရေးပြေးနေတယ်။ ဘေးဘက်ကမြင်ကွင်းကိုကြည့်ရင်း ရူးချင်သလို၊ မူးချင်သလို။

"ဒီခွေးကောင် .. ဘယ်လိုတောင်မျက်နှာပြောင်ရတာလဲ"

Renji ဟာ သူတို့အိမ်လေးရဲ့လျှောက်လမ်းကျယ်ပေါ်မှာ ဖရိုဖရဲလဲလျောင်းနေပြီး ဖရဲသီးတွေကိုလည်း ရှည့်တစ်ကောင်နှယ် တမြုံ့မြုံ့ဖိဝါးနေတယ်။

ထယ်ယောင်းကိုဖွင့်ပြောလို့ သူထိုးလိုက်တာဖြင့် ဘယ်လောက်များကြာသေးတာမို့ ဒီလိုအရှက်မရှိမျက်နှာနဲ့။

အဲဒီကိစ္စဖြစ်ကတည်းက သူတို့ကြားမှာပတ်သတ်စရာကုန်ပြီလို့တွေးခဲ့ပေမဲ့လည်း လွန်ခဲ့တဲ့သုံးလေးရက်တုန်းကပဲ ညနက်နက်ကြီးဗုံးထကြဲတာကြောင့် အိပ်မပျော်လို့ပိုးစုန်းကြူးထွက်ဖမ်းတဲ့ Renji တစ်ယောက် အိမ်က ဗုံးခိုကျင်းထဲမှာ ဝေ့ကာသီကာ သူတို့နဲ့အတူ ခဏတာပုန်းခိုခဲ့ရတာကို မှတ်မိလိုက်ပါသေးတယ်။

တစ်ကယ်ဆို အကျင့်ယုတ်ပြီး ဝေးဝေးကိုမောင်းထုတ်လို့ရပေမဲ့ မျက်ရည်အိအိုင်နေတဲ့ ငယ်ငယ်ရွယ်ရွယ်မျက်နှာလေးကို သူတို့သနားအကြင်နာပိုမိသွားတာလည်း ဖြစ်နိုင်ပါတယ်။

နောင်များကျ Renji ဟာ 'အသက်သခင်ကျေးဇူးရှင်' ဆိုတဲ့ စကားလုံးကိုဗန်းပြပြီး သူတို့မိသားစုအနားမှာပဲ အမြဲတစေတွယ်ကပ်နေတတ်ပါတော့တယ်။

"ဂင်ဂိုတွေက ဆောင်းဦးရောက်ရင် ဘာလို့အရောင်ပြောင်းပြီး ကြွေသွားကြတာလဲ။ ဆောင်းဦးကိုမကြိုက်ကြလို့လား"

တစ်ခါတစ်လေ အဲဒီလိုပေါက်ပေါက်ရှာရှာတွေလည်း မေးတတ်သေးတာ။

"မင်းအဖေဖြစ်လို့"

စိတ်ပေါက်ပေါက်နဲ့ထပြောတဲ့အခါ သူ့ပခုံးစွန်းကိုမှီအိပ်နေတဲ့ ထယ်ယောင်းက တခစ်ခစ်ထရယ်တယ်။

နှာဖျားလေးကို ချစ်စဖွယ်ဆွဲညှစ်လိုက်ကာ ....

"မရယ်နဲ့ .. အဲဒီဒုက္ခက မင်းသယ်လာတာနော်"

"ဟော .. ငါဘာလုပ်မိလို့တုန်း"

"ဘာလုပ်မိရမှာလဲ။ အဲဒီကောင်ကို ဘာလို့များ အိမ်အမြဲလာခိုင်းရတာလဲ။ လူပုံစံက ကြပ်မပြည့်၊ မူးမပြည့်နဲ့"

Destiny In Tide (Complete)Where stories live. Discover now