အပိုင်း - ၁၆

2.5K 325 47
                                    

Unicode

"ချစ်တယ် .."

ကြင်နာစွာပြောလိုက်မိတဲ့ချစ်ခွန်းသီဖွဲ့ဝေါဟာရငယ်။

ရှက်တက်တက်ဖြစ်မှုကြောင့် မေတ္တာနာမ်တွေထည့်ပိတ်ထားသော စကားလုံးလေးဟာ သိပ်တော့မသဲကွဲလိုက်ရှာပါ။

"မလိမ်ပါနဲ့ .. မလိမ်ပါနဲ့ ကလေးရယ်"

မယုံကြည်နိုင်သလို ဂျောင်ကုဟာ ထယ်ယောင်းရဲ့ပခုံးသားလေးပေါ်မျက်နှာအပ်ရင်း မျက်၀န်းအိမ်ထဲကနေ ကြောက်ရွံ့မှုပိတ်ကားချပ်ရဲ့အလိုတော်အရ အရည်ကြည်တွေ တသွင်သွင်ပြိုကျလာတယ်။

ဘူတာရုံထဲက စင်္ကြံထက်မှာ ကသောင်းကနင်းနိုင်နေကြဆဲဖြစ်တဲ့ သူတို့မိသားစု။

လူတွေကွက်ကြည့်ကွက်ကြည့်လုပ်နေတာကိုသိသော်ငြား အခုအချိန်မှာ ဂျောင်ကုကလွဲပြီး ထယ်ယောင်းဘာကိုမှ ဂရုပြုနိုင်မှာမဟုတ်။

သို့သော်ငြား Hashi သေးသေးလေးဟာလည်း အကြင်နာဓာတ်တွေကို ထွေးဖက်ကာသဲ့ယူနေကြတဲ့သူတို့နှစ်ယောက်ကြားထဲ၀င်ကာ မေတ္တာတွေကိုတောင်းခံနေပါတော့တယ်။

အို .. ကိုယ်တို့‌ကလည်း သူ့ကိုပစ်ထားမိသလို ဖြစ်သွားတာကို။

"အိမ်ပြန်မယ် .. အိမ်ရောက်မှဆက်ပြောကြရအောင်နော်"

ဂျောင်ကုရဲ့ပခုံးသားကိုသိုင်းဖက်ပြီး Hashi ရဲ့လက်လေးကိုတွဲလို့ အိမ်ပြန်လမ်းဆီခရီးနှင်လိုက်တယ်။

ဂျောင်ကုဟာ ဆေးမိနေသူလို အသိစိတ်မဲ့နေဆဲ။

"တစ်ကယ်မလိမ်ဘူးလား"

ဘူတာရုံထဲကထွက်ထွက်ချင်းပဲ ကောက်မေးလာတဲ့စကားတစ်ခွန်းကြောင့် ထယ်ယောင်းရဲ့လက်သီးဆုပ်လေးတွေက ဂျောင်ကုရဲ့ခပ်မာမာရင်ဘတ်ပေါ် အုန်းခနဲအခြေတည်တယ်။

"အရူး .."

မနေနိုင်တော့စွာ အနီးနားမှာစုံချည်၊ ဆန်ချည်ဖူးဝေကြွေကျနေတဲ့ ဂင်ဂိုပင်အောက်ဆီ ဂျောင်ကုကိုတွန်းလွှတ်လိုက်မိတော့ ပြူးကြောင်ကြောင်လူရဲ့ကျောပြင်ဟာ ဂင်ဂိုပင်ရဲ့ပင်စည်နဲ့ တည့်တည့်မတ်မတ် ထိကပ်သွားကုန်တော့တယ်။

Destiny In Tide (Complete)Where stories live. Discover now