Unicode
"အဘွား မီးလုံးလဲပြီးသွားပြီနော်"
နားထင်စပ်ဖျားကချွေးစက်လေးတွေကိုသုတ်ရင်း ထိုင်ခုံပေါ်ကနေ ဖြေးညှင်းစွာဆင်းကာ အော်ပြောလိုက်တဲ့အခါ အိမ်ပိုင်ရှင်အဘွားဟာ ဆူပုတ်နေတဲ့မျက်နှာဘေးနဲ့ ထယ်ယောင်းအနား တလှုပ်လှုပ်လျှောက်လှမ်းလာတယ်။
ထယ်ယောင်းတို့ဒီကိုရောက်စကတည်းက ရေမတင်နိုင်လို့၊ အိမ်ခေါင်မိုးပေါက်နေလို့ကနေစတဲ့ အကူအညီတောင်းမှုတွေနဲ့အတူ အခုအချိန်မှာတော့ မီးသီးကျွမ်းလို့ဆိုတဲ့ခေါင်းစဉ်ကိုအသုံးချကာ ထယ်ယောင်းကိုမီးလုံးလာလဲခိုင်းနေပါတော့တယ်။
တစ်ခါတစ်လေ ဂျောင်ကုက အားရင်အားသလို ကူတတ်ပေမဲ့ ဒီနေ့မှရွာထဲခဏသွားနေတာမို့ မီးလုံးလဲခြင်းက ထယ်ယောင်းခေါင်းပေါ်ပုံကျလာတော့တာ။
"ရော့ ဒီမှာ ကြက်ဥနဲ့ တည်သီးခြောက်တွေ။ ပေးချင်လို့ပေးတယ်မထင်နဲ့။ အိမ်မှာပိုနေလို့"
ထယ်ယောင်းရဲ့မျက်နှာလေးက ကြည်မွေ့စွာပြုံးတက်သွားတယ်။ အမြဲတမ်း မျက်နှာထားတင်းတင်းနဲ့အပေါက်ဆိုးတယ်ထင်ရသော်ငြား တစ်ကယ်တမ်းကျတော့ အိမ်ရှင်အဘွားဟာ ထယ်ယောင်းတို့ကို တနည်းနည်းနဲ့ မသိမသာလေးကူညီတတ်ဆဲ။
"အဟီး .. ကျေးဇူးပါဗျ"
ခြံထွက်ကြက်ဥတွေက အိတ်ကလေးထဲမှာ လေးလံနင့်ဖေးစွာ။ အရာရာရှားပါးနေတဲ့အချိန် အိမ်အတွက် စားစရာလေးရရှိသွားခြင်းက ထယ်ယောင်းရဲ့စိတ်လေးကို အပျော်လှိုင်းတွေနဲ့မွတ်ထုံသွားစေတယ်။ တည်သီးခြောက်တွေကလည်း ခါးမဲ့ပုံပေါက်နေသော်ငြား အဆာပြေစာစားချင်တဲ့အခါ ၀မ်း၀လောက်မဲ့အနေအထား။
"နောက်ပြီးတော့ .. ရော့ .."
အတုန်တုန်အရီရီဖြစ်နေတဲ့လက်နဲ့ သူ(မ) ရဲ့ ကီမိုနိုအင်္ကျီထဲက ငွေစလေးအနည်းငယ်ထဲကထုတ်ယူပြီး ထယ်ယောင်းရဲ့လက်လေးထဲထိုးထည့်ပေးတယ်။
ဆယ်ယန်းတောင်မှ။
"ဟာ .. အဘွား .. ဒါကဘာကြီး .."
"မီးလုံးလဲပေးလို့လေ။ ကျုပ်က မပေးလို့မကောင်းတာမို့ ပေးတာ။ ယူသွား"
YOU ARE READING
Destiny In Tide (Complete)
Fanfictionအသက်တွေကမမြဲခဲ့ပေမဲ့ တွဲလက်လေးတွေမြဲဖို့ကို မျှော်လို့တွေး သံသရာဒီရေမှာတည်တဲ့ ကံကြမ္မာငွေလှိုင်းဟာ ဂင်ဂိုရွက်တွေကို ပြိုကျစေ