Unicode
"အင့် .. ဟင့် .. ငါသေတော့မလို့ .. အီးဟီး"
အသက်ဘေးကနေ သီသီကလေးလွတ်လာတဲ့ထယ်ယောင်းဟာ အိမ်ကိုပြန်ရောက်လာသည့်တိုင်အောင် တအီအီနဲ့ငိုလို့မပြီးသေးပါချေ။
ပါးပြင်လေးတွေဟာ ရှိုက်သံပြိုပြိုနဲ့အတူ တစ်ချက်ပွတ်ဆွဲတိုင်း ဆွတ်ပျံ့စွာ နီမြန်းထလာတယ်။
ကြင်နာစွာဖိသုတ်ပေးတော့ စူးခနဲကြည့်လာတဲ့အကြည့်ထဲ မကျေချမ်းနိုင်သေးဟန်လေးတွေကလည်း အထင်းသား။
"မင်းကြောင့် .. အင့်"
"ဟုတ်ပါရဲ့။ ငါ့ကြောင့်ဖြစ်သွားတာပဲ။ တောင်းပန်တယ်နော်"
"မင်းငါ့ကိုနောက်တစ်ခါနှင်လွှတ်ဦးမှာလား"
"မနှင်လွှတ်ရဲတော့ပါဘူး။ ငါအရှုံးပေးပါပြီ။ အဲ့ဒါကြောင့် တိတ်တော့နော်"
ချော့မော့ပြောတဲ့အခါ ကလေးစိတ်လေးနဲ့အရာရာစစ်ပြေငြိမ်းတယ်။ မီးပွားစတွေက အရပ်ထဲမှာတောက်လောင်မနေတော့။ ဗုံးကြဲခံရမှုမှာ ပျက်စီးသွားတဲ့အိမ်ခြေက ဆယ်စုအထက်နဲ့ သေဆုံးသူကတော့ (၂) ဦးပါတဲ့။
ကံကောင်းစွာနဲ့ အဲ့လူနှစ်ယောက်ဟာ သူနဲ့ထယ်ယောင်းဖြစ်မသွားခဲ့။
ဗုံးခိုကျင်းထဲမှာ ကောင်းမွန်စွာလုံခြုံသွားတဲ့ hashi နဲ့ အိမ်ပိုင်ရှင်အဘွားဟာလည်း သူတို့အနားအဆင်ပြေပြေပြန်ရောက်နေချေပြီ။
Hashi ကတော့ ထယ်ယောင်းထပ်ထွက်သွားမှာစိုးကြောက်စွာ ထယ်ယောင်းကိုတင်းတင်းကြပ်ကြပ်ဖက်တွယ်ရင်း လုံး၀အလွှတ်မပေးတော့။ နှုတ်ခမ်းသားလေးက ကြောက်လန့်မှုတွေမပြေသေးဟန် တဆတ်ဆတ်တုန်လှုပ်နေဆဲ။
နောက်တော့ ငိုတာကြာသွားတာမို့ ပင်ပန်းလွန်ပြီး ထယ်ယောင်းကိုမှီကာ အိပ်ပျော်သွားတော့တယ်။
ထယ်ယောင်းရဲ့ပါးပြင်ပေါ်က ရွှံ့တွေကို ဖြည်းညှင်းစွာဖိသုတ်ပေးတော့ ထယ်ယောင်းဟာ မျက်နှာမဲ့တယ်။ နာသွားမှာစိုးကြောက်စိတ်နဲ့ ဆတ်ခနဲရုန်းလိုက်မိတဲ့အဖြစ်နောက် သူ့ရင်ထဲမှာလှိုက်နေတာ ရှက်ရွံ့ခြင်းသီးသန့်သာ။
YOU ARE READING
Destiny In Tide (Complete)
Fanfictionအသက်တွေကမမြဲခဲ့ပေမဲ့ တွဲလက်လေးတွေမြဲဖို့ကို မျှော်လို့တွေး သံသရာဒီရေမှာတည်တဲ့ ကံကြမ္မာငွေလှိုင်းဟာ ဂင်ဂိုရွက်တွေကို ပြိုကျစေ