Unicode
သံနဲ့ပြုလုပ်ထားတဲ့ရေပုံးလေးလေးကြီးကိုဆွဲထားရင်း ထယ်ယောင်းရဲ့လက်မောင်းတွေဟာပြုတ်ထွက်မတက်ကိုက်ခဲနေတယ်။
လက်ဖဝါးနုနုလေးထက် သွေးခြေပါဥလို့။
တစ်ဖက်ကိုငေးတော့ ဂျောင်ကုဟာ မမောပန်းသည့်နှယ် အုတ်ကန်ကိုရေဖြည့်ခြင်းမှာ အားသွန်ခွန်စိုက်။
ထယ်ယောင်းကသာ အသက်ရှူရပ်မတက် မောဟိုက်နေရတော့တာ။
"ဟေ့ .. မြန်မြန်လုပ်လေ"
"ငါမောတယ်"
ပါးပြင်လေးသည်ကား နေအပူရှိန်ကြောင့် ရဲသွေးတကြွကြွ။ သူများအိမ်ကို အောက်ကျနောက်ကျခံကာရေလိုက်ဖြည့်ရတဲ့အလုပ်ဟာ ထယ်ယောင်းအတွက်တော့အနည်းငယ်ရှက်ဖွယ်ကောင်းသော်ငြား Saka မှာ တစ်ခြားလုပ်စရာဘာမှရှိမနေ။
ငါးဖမ်းရမည်တဲ့လား ....
အို .. သေတောင်သွားပေဦးတော့မှာပါပဲ။
ငါးညှီနံ့တစို့စို့နဲ့ ပိုက်ကွန်ကြီးဟာ ဘယ်လောက်တောင်လေးလိုက်သလဲ။ ပြီးရင် ငါးအသေတွေကို မရွံမရှာလက်နဲ့ကိုင်ရမှာတွေ .. ထယ်ယောင်းနဲ့ နည်းနည်းလေးတောင်မဆင်မပြေပါလေ။
"ငါတို့ ဒီရက်ပိုင်း ပိုက်ဆံများများရှာပြီး ဆန်ကြိုစုထားရမယ်။ နောက်ဆို ဈေးတွေတစ်အားတက်ရင် ၀ယ်နိုင်မှာမဟုတ်တော့ဘူးကွ"
ဂျောင်ကုရဲ့အသံထဲ နွမ်းလျမှုတွေသိပ်မရှိဘဲ ဘယ်ကနေပေါက်ဖွားလာမှန်းမသိတဲ့ မျှော်လင့်ချက်ရောင်ခြည်က ရေးရေးထင်လို့။
အပြုံးနုသည်ကား ချိုမွှေးမွှေး။
လေနုအေးသည်ကား စိမ့်ထွေးထွေး။"Hashi ရော .. သူအဆင်ပြေပါ့မလား"
ရွာထဲပတ်ဆော့နေတဲ့ ကောင်လေးအတွက် စိတ်ပူစွာမေးလိုက်မိတယ်။ hashi က လူကောင်သေးသေး၊ ဖြူဖွေးဖွေးလေးရယ်။ မတော်တဆ အနိုင်ကျင့်ခံရမှဖြင့်။
"ဘယ်လိုလုပ်အဆင်မပြေဘဲနေမှာလဲကွာ။ အရွယ်တူတွေနဲ့ဆော့တာပဲကို။ ခဏနေလို့ ရေဖြည့်ပြီးရင် သူ့ကိုသွားခေါ်ကြမယ်။ အပြင်အရမ်းထွက်တာသိပ်မကောင်းဘူး"
YOU ARE READING
Destiny In Tide (Complete)
Fanfictionအသက်တွေကမမြဲခဲ့ပေမဲ့ တွဲလက်လေးတွေမြဲဖို့ကို မျှော်လို့တွေး သံသရာဒီရေမှာတည်တဲ့ ကံကြမ္မာငွေလှိုင်းဟာ ဂင်ဂိုရွက်တွေကို ပြိုကျစေ