အပိုင်း - ၉

2.2K 294 83
                                    

Unicode

"နေခဲ့ပါထယ်ယောင်းရာ။ နေက အခုတစ်လောသိပ်ပူနေတာ"

"ဟင့်အင်း ဟင့်အင်း။ ငါလိုက်မယ် .. ငါလိုက်ချင်တယ်"

ထယ်ယောင်းဟာ သူ့ရဲ့‌လက်မောင်းတစ်ဖက်ကိုအတင်းချိတ်တွယ်ပြီး ကူရယ်ကိုလိုက်ဖို့မရမကပူဆာနေတာမို့ သက်ပြင်းတစ်ချက်ချလိုက်တဲ့အချိန် ခြေထောက်တစ်ဖက်မှာ ယားကျိကျိခံစားချက်ကို ခံစားလိုက်ရတာကြောင့် ငုံ့ကိုင်းကာကြည့်လိုက်တဲ့အချိန် hashi ကပါ ဂျောင်ကုရဲ့ခြေထောက်တွေကိုဖက်တွယ်ပြီး ဂျောင်ကုကို မျက်လုံးဝိုင်းဝိုင်းမော့ကြည့်နေတော့တာ။

"ထယ်ယောင်း .. ဟိုမှာကလေးကကြည့်နေပြီလေ .. လွှတ်တော့။ မင်းလိုက်ရင် အိမ်စောင့်မဲ့သူမရှိတော့ဘူး"

"ဟိုဘက်အိမ်က အဘွားကိုခဏကြည့်ခိုင်းလိုက်မယ်လေ။ ငါ အပြင်မသွားရတာ အရမ်းကြာနေပြီ။ ငါလိုက်ချင်တယ် .. ငါလိုက်ချင်တယ်"

"ဒါဆို hashi ကရော .."

"သူ့ကိုပါခေါ်သွားမယ်လေ"

လူလည်ငဂျစ်တူးကြောင့် ဟားခနဲရယ်ချလိုက်ပြီး ဆံနွယ်တွေကိုဖိဖွလိုက်မိတယ်။ ထယ်ယောင်းဟာ သူ့ကိုမျက်၀န်းကြည်ကြည်တွေနဲ့ချွဲနွဲ့ကာစိုက်ကြည့်ရင်း ကူရယ်ကိုခေါ်သွားဖို့ မရမကပူဆာနေပါတော့တယ်။

"နော် .."

ချွဲသံသေးသေးလေးမှာ နှလုံးသားဟာ အခါခါယားယံတယ်။ မပြောပြတတ်တဲ့ခံစားချက်တစ်ချို့က သူ့ရဲ့ဝေဖန်ပိုင်းခြားနိုင်စွမ်းတွေကိုရေနှစ်ပစ်နေသလို။

သူမသိတော့ဘူး ..

ဘာမှလည်းမမြင်တော့ဘူး ..

ထယ်ယောင်းကလွဲလို့ ..

"ကိုကိုလို့ခေါ်"

ထယ်ယောင်းရဲ့မျက်၀န်းလေးတွေက မယုံကြည်နိုင်ဟန်ပြူးကျယ်ဝိုင်းစက်သွားတယ်။

"ကိုကိုခေါ်ရင် .. လိုက်ခိုင်းမယ်"

"ရူးနေတာလား"

စူးခနဲအော်ရင်း ဖက်တွယ်ထားတဲ့လက်ကို ဇောက်ခနဲလွှတ်ချပစ်တဲ့အခါ သူ့မှာမျက်ရည်တွေထွက်ကျသည်အထိ ရယ်မိတော့တာ။

Destiny In Tide (Complete)Where stories live. Discover now