အပိုင်း - ၁၂

2.2K 310 53
                                    

Unicode

"ဘာမှမဖြစ်သွားလို့တော်သေးတာပေါ့"

ထယ်ယောင်းဟာ အကောင်းပကတိအတိုင်းကျန်ရှိနေသေးတဲ့ သူတို့ရဲ့အိမ်ကလေးကိုကြည့်ပြီး အခုမှစိတ်အေးသွားသလို သက်ပြင်းချတယ်။

ဗုံးကြဲခြင်းက သိပ်မကြာခင်မှာပဲ ပြီးသွားတယ်ဆိုသော်ငြား သူတို့ကတော့ ပိုမိုအန္တရာယ်ကင်းစေဖို့ရာ ဗုံးခိုကျင်းထဲမှာပဲ ဆက်ကာခိုလှုံခဲ့ရပါတယ်။

ရောင်နီဖြာတဲ့ မိုးသောက်ချိန်ရဲ့အလင်းတန်းပျို့ဟာ နေ့သစ်တစ်ခုကို အကောင်းဆုံးစတင်နိုင်ဖို့ခွန်အားတွေပေးနေပေမဲ့ သူတို့ရဲ့ရင်ထဲမှာတော့ ထိတ်လန့်စိတ်က အတော်အတန်ကျန်ရစ်နေဆဲ။

အိမ်ပြန်လမ်းတစ်လျှောက် ပျက်စီးသွားတဲ့နေရပ်ဌာနီတွေကလည်း အများသားရယ်ပါပဲ။

ဘယ်လိုမှဆက်နေဖို့မဖြစ်တော့တာမို့ တစ်ခြားအရပ်ဆီပြောင်းရွှေ့သွားကြသူတွေလည်းရှိပြန်တယ်။

မှောင်မှိုက်နေတဲ့ စစ်ပွဲတစ်ရာမှာ သူတို့တွေဟာ စစ်မီးလျှံရဲ့ဘေးဒုက္ခကို အတိုင်းအဆမဲ့စွာခံစားနေရတဲ့ သနားစရာသတ္တဝါငယ်တွေသာ။

ရွာလမ်းတစ်လျှောက်မှာ သစ်ကိုင်းခြောက်တွေက ကျိုးပျက်ကြေမွနေတယ်။

အိပ်မက်ယောင်သူလို စမ်းတဝါးဝါးလျှောက်လမ်းနေမှုက ထပ်ကာကြုံဆုံရတော့မဲ့ အနာဂတ်လမ်းတွေဆီ။

"ငါတို့ ဒါကို မြန်မြန်ပြီးအောင်ဆောက်ရမယ်"

ထယ်ယောင်းဟာ မှိုင်းပြနေတဲ့မျက်၀န်းတွေနဲ့ သူ့ကိုကြည့်ကာပြောတယ်။ မနေ့က အော်ငေါက်ထားမိမှုကြောင့် အခုထိတိုင်စိတ်ကောက်နေဆဲဖြစ်တဲ့ hashi ကတော့ ဂျောင်ကုကို မျက်စောင်းတစ်ချက်ထိုးပြီးသာ ထယ်ယောင်းရဲ့လက်တွေကြားထဲ ပျော်မွေ့နေပါတယ်။

"ခွေးကောင်လေး .. ငါကယ်ပေးလို့ရှင်တာကိုများ"

အမြင်ကပ်စွာ ခေါင်းကိုတစ်ချက်ပုတ်မိတော့ ဝါးခနဲထငိုတဲ့ အော်သံကြီးက တိတ်ဆိတ်နေတဲ့ပတ်၀န်းကျင်အလယ် စူးစူးရှရှ။

ကလေးကိုစနောက်မိတဲ့ပြစ်မှု‌ကြောင့် မကျေနပ်စွာ စူးစိုက်လာတဲ့မျက်စောင်းလေးတစ်ခုဟာ သူပိုင်ဆိုင်တဲ့စက်ကွင်းထဲ ထည့်ကာပိတ်သော မိုးကြိုးသွားတစ်ခုပမာ။

Destiny In Tide (Complete)Where stories live. Discover now