Unicode
"ဟယ် .. ကွက်တိပဲတော့"
စချင်၊ နောက်ချင်သည်လား၊ အသည်းယားသည်လားမသဲကွဲတဲ့ ရွာထဲကအဒေါ်ကြီးတွေဟာ အထဲကနေအ၀တ်လဲပြီးပြန်လာတဲ့ထယ်ယောင်းကိုကြည့်လို့ တခစ်ခစ်ရယ်တယ်။
ထယ်ယောင်းရဲ့မျက်နှာလေးက ခပ်ပြေပြေရဲရင်း ကိုယ်ခန္ဓာထက်ကပ်တွယ်နေတဲ့ဖျင်အင်္ကျီစကို မသတီသလိုတစ်ချက်နမ်းပြီးမျက်နှာမဲ့တဲ့အခါ ဂျောင်ကုမှာဘာမဆိုင်ညာမဆိုင် အ၀တ်ငှားပေးတဲ့အဒေါ်ကြီးတွေကိုအားနာနေမိတော့တာ။
"လူလေးများနုထွေးပြီးချောမောနေတာပဲ။ နောက်တစ်ယောက်ကျတော့လည်း သန်မာနေပြန်ရော။ ညီအကိုတွေတော့မဖြစ်နိုင်ဘူးနော်"
ထင်ထားတဲ့အတိုင်း စပ်စပ်စုစု စကားနှိုက်မှုတွေ။ ဘာပြန်ဖြေရမလဲမသိစွာ ဘေးကိုငေးမိချိန် ထယ်ယောင်းနဲ့ အကောင်သေးသေးလေးဟာတော့ အဒေါ်ကြီးတွေယူလာပေးတဲ့ ထမင်းတွေ၊ ဟင်းတွေကို ခြေတစ်ဖက်ကျိုးလုလုဖြစ်နေတဲ့ စားပွဲခုံအစုတ်လေးပေါ်တင်ပြီး သူ့ကိုမစောင့်ဘဲအပီအပြင်စားသောက်နေကြတယ်။
တစ်စက်မှလည်းအားမကိုးရ။ စားသောက်ဖို့ရာနဲ့ မာနဘ၀င်ဟပ်လို့ ဘော်ကျော့နေဖို့ပဲသိတဲ့ကောင်။
"ရွာမီးလောင်လို့ အတူတူထွက်ပြေးလာကြတာပါဗျ"
"အို .. ဘယ်ရွာကလဲ"
"Hiroshima တောင်ဘက်မှာရှိတဲ့ ကူဆာဆူကပါ"
"ဒီမှာကတော့ ဗုံးကြဲတာထက်လာခြောက်နေသလိုပဲ။ ညဆိုတစ်စက်မှကောင်းကောင်းမွန်မွန်မအိပ်ရပါဘူး။ ပြီးရင် တစ်ကယ်ကြဲတာလည်းမဟုတ်ဘဲ အသံပဲပေးနေကြတာ"
အဒေါ်ကြီးတွေဟာ ချိုင့်ဝင်နေတဲ့မျက်တွင်းနက်ကြီးတွေနဲ့ ဂျောင်ကုကိုကြည့်ပြီးပြောတယ်။ ရွာကကြီးမားသော်ငြား ဗုံးခိုကျင်းတွေရှားလောက်မယ်ထင်။
ငါးကင်ရနံ့က မီးခိုးမှိုင်းအနည်းငယ်၀ပြီး တူးခဲခဲနဲ့မွှေးနေတယ်။ ပင်လယ်ကမ်းခြေဒေသမို့ ရေညှိတွေကလည်းပေါပေါသီသီ။
ထယ်ယောင်းဟာ နှုတ်ခမ်းလေးခပ်ဆူဆူနဲ့ ထမင်းတွေကိုအဆက်မပြတ်ဝါးတယ်။ တူနဲ့ညှပ်ယူလိုက်တဲ့ထမင်းတွေက နည်းနည်းနောနောမဟုတ်။
YOU ARE READING
Destiny In Tide (Complete)
Fanfictionအသက်တွေကမမြဲခဲ့ပေမဲ့ တွဲလက်လေးတွေမြဲဖို့ကို မျှော်လို့တွေး သံသရာဒီရေမှာတည်တဲ့ ကံကြမ္မာငွေလှိုင်းဟာ ဂင်ဂိုရွက်တွေကို ပြိုကျစေ