အပိုင်း - ၂၁

2.1K 294 38
                                    

Unicode

ပြိုလဲခြင်းနဲ့ အနိဌာရုံတွေ ....

ကံကြမ္မာဟာ အသက်အိုးအိမ်တွေအတွက် ဘယ်လိုအာမခံချက်များပေးခဲ့သလဲလို့ အမေးခံရတိုင်း သူတို့မှာပြန်ဖြေစရာ နှုတ််ချွန်လွှာတွေရှိမနေ။

အဆုံးသတ်အထိ အကောင်းဆုံးတွေပဲတွေးထားပေမဲ့၊ ဆက်လက်ကာ အားတင်းထားခဲ့ပေမဲ့ သုံးနှစ်ကျော်အနေအထားတစ်ခုမှာ သူတို့ပြန်ရခဲ့တာက အပြစ်မဲ့တဲ့ သေဆုံးခြင်းများသာ။

"ကြီးမြတ်လှသောဘုရင်ကြီးရဲ့ အသံထုတ်လွှင့်ခြင်းပြီးဆုံးသွားပါပြီ .."

ရေဒီယိုလိုင်းက အရာရာပြီးဆုံးကြောင်းပြသတဲ့အနေနဲ့ စကားပြောသံတွေမဲ့သွားခဲ့သော်ငြား တဂျစ်ဂျစ်မြည်တွန်ခြင်းကတော့ ဆက်လက်ဖြစ်တည်နေဆဲ။

အိမ်ငယ်လေးထဲမှာလည်း အသက်ရှူသံကလွဲလို့ တစ်ခြားအရာတွေဟာ ဆိတ်သုန်းမှုကမ္ဘာလောကဆီမှာ အခြေတည်နေတယ်။

ကြမ်းပြင်ပေါ်စုပုံကျနေတဲ့ ဂျောင်ကုရဲ့လက်ချောင်းတွေဟာ နှလုံးသားထဲကနာကျင်မှုကိုမလွန်ဆန်နိုင်သည့်နှယ် ‌ဖိဆုပ်ထားမှုကြောင့် သွေးကြောလှိုင်းတွေက အတိုင်းအဆမရှိတဲ့အထိ ထောင်တက်နေတယ်။

ပြီးတော့ စီးပြိုကျလာသောမျက်ရည်များ ....

အက်ကွဲစွာနဲ့ တစ်ပေါက်ချင်းစီ ..

"ငါတို့စွန့်လွှတ်ခဲ့တာတွေ၊ သည်းခံခဲ့တာတွေက ဒီလိုမျိုးဖြစ်ဖို့မှမဟုတ်တာ"

ခပ်ရှရှထွက်လာတဲ့ စကားထဲမှာ နာကျင်မှုတွေနဲ့သာ ပြည့်အင့်မွန်းကြပ်နေပုံရတယ်။

ထယ်ယောင်းရဲ့ပါးပြင်ထက်မှာလည်း ၀မ်းနည်းမှု၊ မခံမရက်နိုင်ဖြစ်မှုတွေကြောင့် အရှုံးပေးခြင်းရဲ့ရလာဘ်ဖြစ်တဲ့ မျက်ရည်စတွေဟာ အလဲလဲအပြိုပြိုရွှဲနင့်နေတော့တယ်။

ဘုရင်ကြီးမိန့်ကြားထားသမျှထဲ အနာဂတ်ရဲ့လူငယ်တွေ၊ ငြိမ်းချမ်းရေး၊ တိုင်းပြည်အေးချမ်းသာယာခြင်း၊ နာကျင်မှုကိုခါးစည်းခံတာ .. အမျိုးစုံအောင်အားလုံးပါခဲ့ပေမဲ့ ထယ်ယောင်းနားထဲ ကျယ်လောင်စွာမြည်ဟီးသွားတာကတော့ တစ်ခုတည်း ....

Destiny In Tide (Complete)Where stories live. Discover now