ဇာတ်သိမ်းပိုင်း

4.9K 356 38
                                    

Unicode

တဖြည်းဖြည်းနက်လာတဲ့ ညခင်း၀ယ် အပူငွေ့တစ်ချို့ ရောယှက်နေဆဲဖြစ်တဲ့မျက်ရည်တွေဟာ တိတ်ဖို့ရာ မစွမ်းသာနိုင်တော့အောင် ပြိုစီးကျနေရရှာတယ်။

အိပ်မက်ယောင်သူလို ဝေဝါးနေဆဲဖြစ်ပေမဲ့ အထိအတွေ့နွေးနွေးက သေချာပေါက်လက်တွေ့ကမ္ဘာကိုရောက်နေကြောင်းဖော်ပြတယ်။

ပြေးလွှားလာရမှုကြောင့် ထယ်ယောင်းရဲ့ခြေထောက်လေး‌မှာ ဖိနပ်ပေါက်ရာတွေနဲ့ပြည့်နှက်နေလေခဲ့တယ်။

ဝေးကွာခဲ့ရတဲ့ ကာလတိုတစ်ခုထဲ အချိန်နာရီပေါင်း ထောင်သောင်းမကတည်နေခဲ့တယ်။ အဲဒီလိုစက္ကန့်တိုင်းမှာ ထယ်ယောင်းဟာ ဂျောင်ကုကို တမ်းတစိတ်တွေနဲ့ မွန်းကြပ်မတတ် သေမလိုတွေဖြစ်နေခဲ့ရတာ။

"ကိုကိုရယ် .. ငါ့ရဲ့ကိုကိုရယ် .."

တိုးဖွဖွရေရွတ်တော့ သေမလိုအထိကြိုးပမ်းခဲ့ပါတယ်ဆိုသော ရင်ထဲကချစ်ဦးသူအမျိုးသားဟာ ထယ်ယောင်းကို ထပ်ကာလွတ်မထွက်စေလောက်မဲ့စွမ်းအင်တွေနဲ့ တင်းတင်းကြပ်ကြပ်ပွေ့ဖက်လာတယ်။

ဘယ်လိုတွေတောင် ခံစားခဲ့ရလို့ အရှုံးပေးဖို့အထိပါ ....

သူလည်း ထယ်ယောင်းလိုပါပဲလား ....

"ဂျောင်ကုဆီသွားခွင့်မပေးရင် သားသေလိုက်မှာ"

လည်တိုင်ကျော့ကျော့ထက် ထောက်ကန်ထားမိတဲ့ ဓားအသွားမှာ မြိထက်ကာ ကျောက်မျက်ရတနာတစ်ခုလို လဲ့တောက်နေတယ်။

ဒေါ်ဒေါ်ဟာ အချစ်နွံထဲ ပြိုနေပြီဖြစ်သောထယ်ယောင်းကိုကြည့်ပြီး ရူးမတတ်ငိုတယ်။

နောက်တော့ ....

'သွားပြီးရင် ဘယ်တော့မှပြန်မလာနဲ့' တဲ့။

ဂျောင်ကုဟာ ထယ်ယောင်းမရှိရင် သေပစ်မဲ့လူပါ။ ထပ်တူညီစွာနဲ့ ဂျောင်ကုမှမဟုတ်ရင် မဖြစ်တော့တဲ့ ထယ်ယောင်းရဲ့ဘဝ။

"ဘယ်လိုလုပ်ပြီး .. မင်းအဒေါ်ရော .. ဘာမှမပြောဘူးလား"

၀မ်းနည်းစိတ်ကြောင့် ရှိုက်ညည်းသံတွေပြည့်အင့်လာတယ်။ 'အမွေဖြတ်ခံ' ဆိုတဲ့ခေါင်းစဉ်ထဲမရောက်ပေမဲ့ ထယ်ယောင်းဟာ မိသားစုရဲ့သံယောဇဉ်တွေကို ဖြတ်တောက်ခြင်းခံလိုက်ရပါပြီ။

Destiny In Tide (Complete)Where stories live. Discover now