Unicode
"ဗုံးခိုကျင်း .."
"အင်း .. ဗုံးခိုကျင်း"
ဂျောင်ကုရဲ့အမေးကို ရွှင်ပြပြပြန်ဖြေတဲ့ ထယ်ယောင်းရဲ့မျက်ဆံအိမ်လေးဟာ စိတ်အားတက်ကြွမှုကြောင့် တ၀င်း၀င်းလက်ကာကြည်တောက်နေတယ်။
အဘွားရဲ့စေတနာတွေကိုခံယူပြီး ထယ်ယောင်းတို့ဟာ အရင်အိမ်အစုတ်ကလေးကနေ အဘွားခေါင်းချတဲ့အချိန်အထိ နေထိုင်သွားခဲ့တဲ့ခပ်ကောင်းကောင်းအိမ်လေးပေါ် ပြောင်းရွှေ့ဖို့ဖြစ်လာခဲ့ရပါတယ်။
အိမ်ကလေးဟာ ထင်ထားတာထက်ကျယ်လွန်းပြီး အခန်းလေးတွေကလည်း တသီးတသန့်စီပါပဲ။ ဒါပေမဲ့ နိုင်ငံရဲ့အခြေအနေက အနီဘက်ကိုသန်းလုလုဖြစ်နေတာမို့ တစ်ခုခုအရေးအကြောင်းပေါ်ရင် သတိလက်လွတ်မဖြစ်စေဖို့ရာ အချင်းချင်းနီးနီးကပ်ကပ်နေကြဖို့သာ ဆုံးဖြတ်ထားရပါတော့တယ်။
ဒီလိုနဲ့ တစ်ဖက်အိမ်ကလည်း အလွတ်ကြီးအတိုင်းဖြစ်နေတာမို့ အကျိုးရှိတာတစ်ခုကိုစဉ်းစားမိတဲ့ထယ်ယောင်းဟာ ဗုံးခိုကျင်းဆောက်ဖို့အတွက် ဂျောင်ကုကိုတိုင်ပင်နေမိတော့တာပါပဲ။
ဒီခေတ်ဒီအခါမှာ ဗုံးခိုကျင်းတစ်ခုဆောက်ရတာက သိပ်လွယ်တာတော့မဟုတ်။ အကြီးမားဆုံးအခက်အခဲဟာ သစ်သားတိုင်တွေ၀ယ်ယူရခြင်းပဲဖြစ်ပါတယ်။ ငွေအင်အားရော၊ လူအင်အားပါ အတန်အသင့်သုံးရသည်မို့ ဘယ်သူကမှ ဗုံးခိုကျင်းကို သိပ်ပြီးမဆောက်နိုင်ကြ။
အကြောင်းအရင်းမရှိဘဲ ရွာချလာတဲ့မိုးစက်ညိုတွေဟာ အိမ်ခေါင်မိုးပေါ် တဖြောက်ဖြောက်၊ တဒေါက်ဒေါက်မြည်ကာထုရိုက်နေတယ်။ ညအချိန်လွန်လာပြီမို့ ပတ်၀န်းကျင်တစ်ခွင်က ထင်ထားတာထက်ပိုကာ တိတ်ဆိတ်ငြိမ်သက်နေပြီး ထယ်ယောင်းတို့ရဲ့အိမ်လေးကသာ မှိန်ပျပျမီးအလင်းနဲ့အတူ အနည်းငယ်သက်၀င်လှုပ်ရှားမှုရှိနေပါတော့တယ်။
"ဒီမှာကြည့် .. ငါပြမယ်"
စာရွက်ပေါ်ချဆွဲထားတဲ့ပုံကြမ်းကိုပြလိုက်တဲ့အခါ ဂျောင်ကုဟာ စိတ်ပါလက်ပါကြည့်ပေးတယ်။ လက်ရေးတွေနဲ့ ပုံကြမ်းကို အတတ်နိုင်ဆုံးသေသေသပ်သပ်လုပ်ထားတာမို့ ဂျောင်ကုဘက်က နားလည်နိုင်မယ်လို့ ထယ်ယောင်းမျှော်လင့်နေမိပါတယ်။
YOU ARE READING
Destiny In Tide (Complete)
Fanfictionအသက်တွေကမမြဲခဲ့ပေမဲ့ တွဲလက်လေးတွေမြဲဖို့ကို မျှော်လို့တွေး သံသရာဒီရေမှာတည်တဲ့ ကံကြမ္မာငွေလှိုင်းဟာ ဂင်ဂိုရွက်တွေကို ပြိုကျစေ