Unicode
ပိတ်သားစဖြူဖြူထပ်ခင်းထားတဲ့ ယိုင်နဲ့နဲ့ကုတင်လေးပေါ်မှာ ငြိမ်သက်စွာလဲလျောင်းနေတဲ့ hashi ဟာ မျက်တောင်စိတ်တွေကို ပိတ်သိမ်းထားပြီး ကောင်းမွန်စွာအိပ်မောကျနေပါတယ်။
"ကလေးက ဓာတ်မတည့်တာကိုစားမိသွားတာပါ။ သူ့မှာ ဓာတ်မတည့်တာတစ်ခုခုရှိသလား .."
Renji နဲ့ ပတ်သတ်ဖို့ အခြေအနေအရပ်ရပ်မှာရှိနေတဲ့ ဆရာဝန်ရဲ့အမေးကြောင့် မျက်ခုံးတန်းတွေကိုစုကြုံ့လိုက်ပြီး ....
"တစ်ခေါက်ကတော့ နှမ်းပါတဲ့မုန့်ကိုစားမိပြီး အသက်ရှူကြပ်ဖူးသေးတယ်"
"အင်း .. နောက်ဆိုပိုသတိထားပေါ့ဗျာ .."
ဖြူဖျော့နေတဲ့ hashi ရဲ့မျက်နှာလေးဟာ သူ့နှလုံးသားကို မခံမရက်နိုင်ဖြစ်အောင် ဖျစ်ညှစ်နေတယ်။ ထယ်ယောင်းကိုလက်လွှတ်လိုက်ရတာ ဘယ်နှစ်ရက်မှမရှိသေးတာတောင် နှစ်ယောက်အတူထမ်းပိုးခဲ့ဖူးတဲ့ဝန်တွေက အခုအချိန်မှာ သူ့ပခုံးတန်းတွေကိုညွတ်ကိုင်းစေသည်အထိ လေးလံအောင်ဆောင်တယ်။
လွမ်းမောခြင်းတွေဟာ အကြောင်းပြချက်မဲ့စွာပင် တနင့်တပိုး ....
"ဒါနဲ့ ခင်ဗျား အားဆေးသွင်းသွားဦးမလား .. သိပ်ပင်ပန်းနေသလိုပဲ .."
"အာ .. ကျွန်တော်ကအဆင်ပြေပါတယ် .. ကျွန်တော့်သားကိုသာ မြန်မြန်သက်သာသွားအောင် လုပ်ပေးပါ"
ဆရာဝန်ဟာ ညှိုးငယ်ရိပ်တွေထင်ဟပ်နေတဲ့ ဂျောင်ကုရဲ့မျက်ဝန်းအိမ်ကိုကြည့်ကာ စိတ်မကောင်းသလို အသက်ပြင်းပြင်းရှိုက်တယ်။ အို .. သူ့ဘဝက အဲသလောက်အထိ သနားစရာကောင်းနေလေပြီလား ..
"မကြည့်ပါနဲ့ .. အဲဒီလိုမကြည့်ပါနဲ့ .."
အသံတိမ်ဝင်ကာ မျက်ရည်မကျအောင်တင်းခံမိတော့ ပခုံးတန်းပေါ် နှစ်သိမ့်ချင်ဟန်ဖျစ်ညှစ်လာတဲ့ လက်တစ်စုံ။
"အဆင်ပြေမှာပါ .. ခင်ဗျားက ကြံ့ခိုင်တဲ့လူပဲ .. ပြီးတော့ သူပြန်လာမှာပါ"
'ပြန်လာမယ်' 'မပြန်လာဘူး' ဆိုတဲ့ မသေချာခြင်းတွေကို ထပ်ပြီးမကြားနိုင်တော့။ လက်၀ယ်မှာမလွှတ်တမ်းဆက်လက်ဆွဲထားရင် ချစ်ရတဲ့ Camellia လေးက သူ့အတ္တတွေကြောင့် ညှိုးလျော်ရမှာအသေချာ။
YOU ARE READING
Destiny In Tide (Complete)
Fanfictionအသက်တွေကမမြဲခဲ့ပေမဲ့ တွဲလက်လေးတွေမြဲဖို့ကို မျှော်လို့တွေး သံသရာဒီရေမှာတည်တဲ့ ကံကြမ္မာငွေလှိုင်းဟာ ဂင်ဂိုရွက်တွေကို ပြိုကျစေ