Unicode
ဆည်းဆာနေခြည်တွေ ပိန်းပိန်းမှောင်အောင်ပြိုကျသွားတဲ့ ညအချိန်အခါမှာ မကျေမချမ်းနိုင်တဲ့လူနှစ်ယောက်ဟာ တစ်ဦးကို တစ်ဦး မျက်စောင်းခဲလိုက်၊ ရန်ဆောင်လိုက်နဲ့ အိပ်ရာခင်းရဲ့အလယ်နေရာကို မရမကလုယူနေကြပါတယ်။
"ဒီနေရာမှာ သားအမြဲအိပ်နေကျကို .."
Hashi က နှုတ်ခမ်းလေးဆူရင်း အနိုင်ကျင့်ခံရသလိုပြောတယ်။
"အဲဒါကြောင့် ဖေကြီးကို တစ်ရက်လောက်တော့ပေးအိပ်လိုက်လေ"
ဂျောင်ကုဟာ hashi ကို ကလေးဆိုပြီး နည်းနည်းကလေးတောင် အလျှော့မပေးပါ။
"ငါအိပ်ချင်လာပြီကွာ .. မင်းတို့မပြီးကြသေးဘူးလား"
ငြင်းခုံခြင်းအရာမှာ အားသန်လွန်းတဲ့နှစ်ယောက်လုံးဟာ တဗျစ်တောက်တောက်နဲ့သောင်းကျန်းရင်း မဆီမဆိုင် ထယ်ယောင်းကိုပါ ဆွဲထည့်ဖို့မမေ့ပါချေ။
"ဖေဖေ သားကိုချစ်တယ်မဟုတ်လားဟင်"
"ချစ်တာပေါ့သားလေးရဲ့"
Hashi လေးဟာ ဂျောင်ကုနဲ့ ဆင်တူရိုးမားဖြစ်သလိုပုံပေါ်တဲ့ သူ့ရဲ့မျက်၀န်းလေးကို အရည်တလဲ့လဲ့တောက်အောင်ဟန်ဆောင်ပန်ဆောင်လုပ်ကာ ထယ်ယောင်းရင်ခွင်ထဲ မျက်နှာလေးအပ်တယ်။
"ကလေး .. ငါ့ကိုလည်း .. ချစ်တယ်မဟုတ်လားဟင်"
ကြီးကောင်ကြီးမားကြီးကလည်း hashi ကို အရှုံးမပေးချင်တဲ့စိတ်နဲ့ ထယ်ယောင်းအပေါ်တက်ခွကာ ပါးပြင်တွေထက် တသသနမ်းမွှေးကြူလို့ ချွဲနွဲ့ပွတ်သပ်နေပါတော့တယ်။
"မင်းတို့ငြင်းနေတာ နာရီ၀က်၊ တစ်နာရီလောက်ရှိနေပြီ"
"မင်းဘေးနားမှာ အိပ်ချင်လို့ပါဆိုမှ"
"ဖေဖေ့ဘေးနားမှာ အိပ်ချင်လို့ပါဆိုမှ"
စကားလုံးတွေထပ်တူညီကုန်တော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဟမ့်ခနဲရေရွတ်ပြီး သားအဖအရင်းလို့ဆိုရင်တောင် မှားဖွယ်မရှိနိုင်တဲ့ပုံနဲ့ ဂျစ်တိုက်နေပါတော့တယ်။
"ဂျောင်ကုရေ .. လေးတယ်ကွ"
"တွေ့လား .. ဖေကြီးကိုပြောနေတာ .. ဖေဖေ့အနားက အခုဖယ်"
YOU ARE READING
Destiny In Tide (Complete)
Fanfictionအသက်တွေကမမြဲခဲ့ပေမဲ့ တွဲလက်လေးတွေမြဲဖို့ကို မျှော်လို့တွေး သံသရာဒီရေမှာတည်တဲ့ ကံကြမ္မာငွေလှိုင်းဟာ ဂင်ဂိုရွက်တွေကို ပြိုကျစေ