အပိုင်း - ၁၀

2.4K 300 71
                                    

Unicode

သေခြင်းတရားရဲ့အဆုံးသတ်မှာ အသွေးအသားတွေဟာ နှုတ်ဆက်ခြင်းမီးတောက်ငယ်တစ်ခုထဲ၀ယ် ပြာမှုန်အဖြစ်ပြောင်းလဲကုန်တယ်။

ထွက်သွားလေသူဟာ စိတ်ဖြောင့်ပါ့မလား သူတို့သေချာမသိပေမဲ့ ကျန်ရစ်ခဲ့တဲ့သူတွေမှာတော့ အပြစ်မကင်းစိတ်တွေနဲ့ လိပ်ပြာမလုံခြင်းတွေကတနင့်တပိုး။

လက်နှစ်ဖက်ထဲရောက်ရှိလာတဲ့ အရိုးပြာအိုးလေးကိုကိုင်ရင်း ထယ်ယောင်းက တသိမ့်သိမ့်ငိုတယ်။ အငိုတိတ်အောင်တတ်စွမ်းသမျှချော့မြှူပေးသော်ငြား ဒီအရာတွေဟာ ထယ်ယောင်းရင်ထဲကို ထုတ်ချင်းပေါက်အောင်ထိုးစိုက်သွားတဲ့ အနာတရတွေအတွက် ကောင်းမွန်သောဖြေဆေးတစ်ခုမဟုတ်ပါချေ။

"တိတ်တော့ .."

ပါးပြင်လေးနှစ်ဖက်ဟာ သူ့လက်ဖဝါးထဲမှာ သေးငယ်ဖျော့တော့စွာ။ အာဟာရပြတ်လတ်နေတဲ့အပြင် စိတ်ဒဏ်ရာတွေရဲ့ထုထောင်းမှုဒဏ်ကြောင့် ကိုယ်ခန္ဓာကပါ တစ်ပါတည်းကြေတယ်။

ဒီလိုနဲ့ ထယ်ယောင်းရဲ့ကျန်းမာရေးအတွက် သူတဖြည်းဖြည်း ပူပန်လာမိတော့တာပဲ။

"တိတ်ပါတော့ကွာ .."

"အင့် .. ငါ့ကြောင့်"

ဂျစ်တိုက်ပြီး ကူရယ်ကိုလိုက်မိတဲ့အဖြစ်အပေါ် ထယ်ယောင်းဟာ အခုအချိန်ထိအတွေးစိတ်တွေထဲ ကူကယ်ရာမဲ့နေပြန်ပါတယ်။

"မင်းအမှားမဟုတ်ပါဘူး"

"ငါသာ နေခဲ့ရင် .. ငါသာ နေခဲ့ရင်"

ရှိုက်တိုးလို့ ငိုကြွေးနေတဲ့ပုံရိပ်လေးက သူ့ရင်ခွင်ကမ်းရိုးတန်းကို လှိုင်းလုံးကြမ်းတွေနဲ့ပုတ်ချလိုက်သလိုမျိုး အဘယ်ကြောင့်နာကျင်စေသွားရတာလဲ။

ထယ်ယောင်းဟာ သူ့ကိုယ်သူအပြစ်တင်ရင်းသာ ၀မ်းနည်းရိပ်တွေဆွေး‌တယ်။ အမှန်အတိုင်းပြောရရင် ဒါက သူတို့ရှိနေလည်း တားလို့ရမဲ့အဖြစ်မှမဟုတ်တာပဲ။ ကံမကောင်းသည်လား၊ အကြောင်းမလှသည်လား ဝေခွဲမရပေမဲ့ ဖြစ်ချိန်တန်လို့ဆိုတဲ့ တရားသဘောကိုရှေးရှုမိတဲ့အခါ သူ့စိတ်ကလေးက အနည်းငယ်တော့အေးချမ်းသွားရတာ။

Destiny In Tide (Complete)Where stories live. Discover now