Unicode
မနက်ခင်းကိုကြိုတဲ့ နေခြည်ထွေးဟာ အစက်အပျောက်ငယ်တွေအဖြစ် အသွင်ပြောင်းကာ ထယ်ယောင်းရဲ့မျက်ခုံးတန်းညွတ်ညွတ်လေးကို တွန့်ကွေးသွားအောင်ဆောင်နေတယ်။
ကျောပြင်ဆီက အနည်းငယ်အောင့်တောင့်တောင့်နိုင်တဲ့နာကျင်မှုကိုခံစားနေရပေမဲ့ မှီလှဲထားတဲ့ ခေါင်းဦးကတော့ အရင်နေ့တွေနဲ့ကွဲပြားစွာ ထယ်ယောင်းကို သက်သောင့်သက်သာဖြစ်စေပါတယ်။
"နိုးပြီလား .. ကလေးလေး"
အက်ရှနေတဲ့အသံတစ်ခုကြောင့် အာရုံကြောတွေဟာ ဝိုးတဝါးဖြစ်နေရင်းမှ သန်းခေါင်ယံညခင်းအချိန်ကနေ နံနက်လင်းလို့မိုးသောက်သည်အထိ လှော်ခတ်မိခဲ့တဲ့အချစ်လှေလေးကြောင်းကို ပြန်သတိရသွားပြီး ထယ်ယောင်းရဲ့နှုတ်ခမ်းလေးတွေ ချိုမြစွာကွေးညွတ်သွားတယ်။
ပါးပြင်ကလေးနဲ့ထိကပ်နေတဲ့ရင်အုပ်ကျယ်ဆီက အငွေ့အသက်နွေးနွေးဟာ ရှင်သန်ခြင်းအတွက် ကောင်းမွန်သောအဓိပ္ပာယ်တွေကို ပြည့်နှက်စေခဲ့တယ်။
"မင်းအနားနေရတာ .. သိပ်ကောင်းတာပဲ"
ဂျောင်ကုဆီက ကျေနပ်သဘောကျသွားတဲ့ ရယ်သံသိမ့်သိမ့်ဟာ ထယ်ယောင်းရဲ့နားသယ်စပ်ဖျားက အမွှေးနုလေးတွေကို ယိမ်းယိုင်သွားအောင်ထုံမွှမ်းတယ်။
"မနေ့ညကတည်းက အဲဒီလိုပြောရင် မင်းပိုငိုရမှာ"
အမြင်ကပ်ချင်စရာအသံကြီးကြောင့် မြင်ပြင်းကပ်စွာ တောင့်တင်းနေတဲ့ရင်အုံကြီးကို သွားစွယ်ကလေးတွေနဲ့ဖိကိုက်ပစ်လိုက်တယ်။
"အ .. နာတယ်လေ .."
"ခွေးကောင်ကိုကို .. ချစ်တယ်ဆိုပြီး အမဲဖျက်နေသလိုပဲ .. ဒီမှာကြည့်စမ်း ငါအခုထိနာနေတုန်း"
အရေပြားနုနုလေးထက်မှာ အကိုက်ခံရတဲ့အကွက်ကြီးက တစ်ချက်ကြည့်လိုက်တာနဲ့ အထင်းသားမြင်ရလောက်တဲ့အထိ ညိုညစ်နေခဲ့တယ်။ အချစ်ဒဏ်သင့်ခဲ့တဲ့အကျိုးဆက်တွေအရ နာကျင်မှုက ထင်ထားသလောက်မပြေပျောက်နိုင်သေးဘဲ နီမြန်းနေတဲ့နေရာတွေက နီမြန်းနေဆဲ။
ဂျောင်ကုရဲ့မျက်နှာလေးဟာ ဂင်ဂိုရွက်ခြောက်တွေလိုချက်ချင်းညှိုးရော်သွားတယ်။
YOU ARE READING
Destiny In Tide (Complete)
Fanfictionအသက်တွေကမမြဲခဲ့ပေမဲ့ တွဲလက်လေးတွေမြဲဖို့ကို မျှော်လို့တွေး သံသရာဒီရေမှာတည်တဲ့ ကံကြမ္မာငွေလှိုင်းဟာ ဂင်ဂိုရွက်တွေကို ပြိုကျစေ