အပိုင်း - ၁၃

2.1K 313 45
                                    

Unicode

ခပ်ငွေ့ငွေ့တွန်းတိုက်လာတဲ့လေစိုင်ခတ်တွေဟာ ဆောင်းဦးပေါက်ကိုအရောက်လှမ်းဖို့ အစပျိုးနေကြတယ်။ ကမ္ဘာကိုဖျန်းတဲ့ နေခြည်ပန်းကလည်း ‌သင်းထွေးထွေးနဲ့ စိမ့်သက်စွာနွေးမြနေပြန်တယ်။

အရုဏ်တက်ရဲ့မိုးသောက်ငှက်တွေတွန်ကြူးသံကြား ဂျောင်ကုပိုင်သောအပြုံးတွေဟာ ရွှင်လန်းချမ်းမြေ့စွာ။ တည်မြဲနေဆဲဖြစ်တဲ့ နှုတ်ခမ်းသားထက်က ချိုရှခြင်းက အမှောင်ကိုခွင်းလို့ အလင်းကိုဆောင်ပြီး ရောင်နီတွေကိုပြောင်းစေလောက်တဲ့အထိ စွမ်းပကားကြီးလွန်းခဲ့ပါတယ်။

"ဟေ့ .. hashi .. မင်းဖေဖေရော"

မနက်လင်းကတည်းက ဖုန်တောထဲမြူးနေတဲ့ပေတလူးလေးက ပခုံးသားကိုခပ်ပေါ့ပေါ့တွန့်ပြကာ ဆော့ကစားခြင်းအရာမှာပျော်မွေ့နေတယ်။

"အားတိုင်းဆော့နေတော့မှာလား .. မင်း"

ဆူနေတာဆိုပေမဲ့ သူ့လေသံဟာ ပျော်မြူးခြင်းကြောင့် စနောက်သလိုဘက်ခြမ်းဆီအခြေယိုင်သွားကုန်တယ်။

"ပျင်းလို့ပါ ဖေကြီးရ။ သားဒီမှာအကောင်လေးတစ်ကောင်တွေ့ထားတယ်သိလား"

လက်မောင်းကို အားကိုးတကြီးဆွဲကိုင်လာတဲ့ လက်ချောင်းလေးတွေက သေးမျှင်မျှင်။ ငါးနှစ်သားအရွယ်ထက် ပိုမိုသေးကွေးနေတဲ့ ကောင်လေးကိုကြည့်ကာ သူ့နှလုံးသားဟာ စပ်ဖျင်းဖျင်းနဲ့နာချင်ချင်။

စစ်တွင်းကာလရဲ့ အခက်အခဲတွေမှာ အဓိကပြသနာရပ်က အာဟာရချို့တဲ့ခြင်း။

စားချင်သလောက်မစားရဘဲ အတိုင်းအတာတစ်ခုအထိသာ ချင့်ချိန်နေရတဲ့အခါ လူတွေဟာ လိုအပ်တဲ့အာဟာရကိုမရနိုင်ကြ။

ထယ်ယောင်းကတော့ ဒါကို 'အငတ်ဘေးသင့်' တယ်လို့ တိတ်တခိုးအမည်ပေးထားခဲ့ပါတယ်။

"ဘာအကောင်လဲ"

ဘယ်ကကောက်လာမှန်းမသိတဲ့ ညစ်တေးတေးဖန်ပုလင်းထဲ ထည့်အပိတ်ခံထားရသော လိပ်ပြာငယ်လေးဟာ ပြင်ပကမ္ဘာဆီထွက်ခွာချင်နေသည့်နှယ် ခပ်မာမာဖန်သားကို တဒုန်းဒုန်းနဲ့၀င်ရောက်တွန်းတိုက်နေတယ်။

Destiny In Tide (Complete)Where stories live. Discover now