အပိုင်း - ၁၄

2.1K 322 58
                                    

Unicode

"သိလားအကို .. နာဇီ (ဂျာမနီ) တွေက ဂျူးတွေကိုအမြစ်ဖြုတ်နေကြတယ်တဲ့။ သိပ်ကိုဆိုးဝါးတဲ့လုပ်ရပ်ပဲ။ ဒါဟာ လူမျိုးတုံးသတ်ဖြတ်နေတဲ့ကိစ္စ။ ဟစ်တလာက လူမျိုးကြီးဝါဒကိုကျင့်သုံးနေတာလေ။ ကျွန်တော်တော့ သဘောမကျပါဘူး။ အကိုကရော .."

"...."

"အကို .. အကို ..!"

"ဟင် .."

လက်ဖဝါးရဲ့နွေးမြမြအထိအတွေ့က တစ်ခြားဘက်ဆီအာရုံရောက်နေတဲ့ထယ်ယောင်းရဲ့အသိစိတ်ကိုလာရောက်လှုပ်နှိုးချိန် ရုတ်တရက်ထိတ်လန့်မှုကြောင့် ဆတ်ခနဲရုန်းထွက်မိတဲ့အခါ Renji ဟာ သိသိသာသာမျက်နှာပျက်သွားတယ်။

"အာ .. ဆောရီး Renji .. အကိုသေချာမကြားလိုက်လို့"

နားရွက်ဖျားနားကဆံစလေးကို ခပ်ဖြည်းဖြည်းသပ်တင်ရင်းသာ အရှေ့မှာရှိနေတဲ့ လူသုံးယောက်ကို မအီမသာကြည့်လိုက်မိတော့တယ်။

အေးတိအေးစက်ဖြစ်နေတဲ့ထယ်ယောင်းတို့နဲ့ကွဲပြားစွာပဲ တစ်ဖက်ခြမ်းမှာတော့ ....

"ဒါဆို ဂျောင်ကုက ဖရဲသီးစိုက်တဲ့နေရာမှာ ပါရမီပါတာပဲ"

အပြုံးလေးကချိုသာသာ၊ ရယ်သံလေးက လွင်မြမြ။

တခစ်ခစ်ရယ်တိုင်း မိန်းမပျိုလှလှလေးရဲ့အသံကြောင့် ကမ္ဘာလောကထဲကပန်းတွေတောင် ထဖူးကြတော့မတက်ဖြစ်နေပေမဲ့ ထယ်ယောင်းရဲ့စိတ်လေးကတော့ မှောင်မှိုက်ခြင်းဘက်ခြမ်းဆီ ဆိုက်ရောက်နေပါတယ်။

ဂျောင်ကုဟာ Hashi ကိုပွေ့ချီထားကာ ခပ်လှလှကောင်မလေးနဲ့စကားပြောရင်း ထယ်ယောင်းဘက်ဆီ အကြည့်တစ်ချက်တောင် မကမ်းပေးပါချေ။

"ကျွန်တော်တို့စစ်ရှုံးမယ်လို့အကိုထင်သလား"

Renji ရဲ့အသံက ထယ်ယောင်းနားထဲ ရှတပြတ်တောင်းစွာတိုး၀င်သွားတယ်။

"ရှုံးလိမ့်မယ်။ ရှုံးဖို့ရာခိုင်နှုန်းများတယ်"

အတိတ်ကိုဆောင်တဲ့နိမိတ်တွေဖြစ်ကုန်မှာကြောက်လို့လားတော့မသိပေမဲ့ ထယ်ယောင်းဘက်က စစ်ရှုံးမယ်လို့ပြောတိုင်း ဂျောင်ကုဟာ ထယ်ယောင်းကို မကျေနပ်စွာ မျက်ထောက်နီကြီးနဲ့ စိုက်စိုက်ကြည့်တတ်ပါတယ်။

Destiny In Tide (Complete)Where stories live. Discover now