အပိုင်း - ၂၆

1.9K 261 25
                                    

Unicode

"သားလေး .. ရော့ .. နည်းနည်းထပ်စားလိုက်ဦး"

နှုတ်ခမ်းလွှာကြား ထိကပ်တော့မတတ်နီးစပ်လာတဲ့ ကြွေဇွန်းလေးကို ဆန္ဒပြလိုစိတ်နဲ့ မလိုအပ်ဟန်မျက်နှာလွှဲတော့ ဦးတည်ချက်လွဲသွားတဲ့ဆန်ပြုတ်တွေဟာ ခြုံထားတဲ့စောင်ကတစ်ဆင့် ထယ်ယောင်းရဲ့ပေါင်ပေါ်ကို အချည်းနှီးဖြစ်စွာ ပြုတ်ကျသွားတယ်။

"ကင်မ်ထယ်ယောင်း ..!"

မျက်နှာပျက်သွားတဲ့ဒေါ်ဒေါ်က ထယ်ယောင်းရဲ့လုပ်ရက်တွေကို သည်းမခံနိုင်တော့သလို ထအော်တယ်။

"ဂျောင်ကုဆီပြန်ပို့ပေး .."

"လုံး၀ပဲ .."

မျက်ရည်စတွေ အိခနဲအိုင်သွားတော့ မျက်နှာလွှဲပစ်တဲ့ ဒေါ်ဒေါ်။ သူ(မ) ရဲ့စိတ်ထဲ ထယ်ယောင်းကို 'ယော်ကျားတစ်ယောက်အပေါ် သေမတတ်မွှန်နေတဲ့ကောင်' လို့ ထင်ကောင်းထင်နိုင်ပေမဲ့ ထယ်ယောင်းဟာ ဂျောင်ကုမှမဟုတ်ရင် ရှင်သန်ဖို့အဆင်မပြေနိုင်တာ ဒေါ်ဒေါ်သိပုံမရ။

"သား သူ့ကိုချစ်တယ် .."

မျက်ထောက်နီနဲ့ တစ်ချက်စိုက်ကြည့်လာပြီး ....

"မပြောနဲ့ .. မကြားချင်ဘူး .."

"ဂျောင်ကုကို ချစ်တယ် .. သား သူ့ကိုပဲလိုချင်တယ် .."

ဒေါ်ဒေါ်ဟာ နှူတ်ခမ်းသားကို ၀မ်းနည်းနာကျင်စွာဖိကိုက်ရင်း တရှုံ့ရှုံ့ထိုင်ငိုတော့တယ်။

"ဘာလို့များ .. ငါ့တူလေးအပေါ်ကိုမှ ဒီလို၀ဋ်ကြွေးတွေက .."

"၀ဋ်ကြွေးမဟုတ်ဘူးဒေါ်ဒေါ် .. ဒါက ရေစက်ပါ .. ပြီးတော့ ကံကြမ္မာပါ"

ဆိတ်သုန်းသွားတဲ့စကားသံကြား နှစ်ဦးသားဟာ အတွေးပင်လယ်ထဲမှာ ငြိမ်သက်မှာ ပက်လက်မျောနေရတယ်။

"သေချာမကာကွယ်ပေးနိုင်တဲ့လူကိုများ .. မင်းက"

ဓားဒဏ်ရာရှိဆဲဗိုက်က အနာမကျက်သေးတာကြောင့် လှုပ်လှုပ်ရှားရှားလုပ်တိုင်း တစ်ချက်တစ်ချက်အောင့်မျက်နေဆဲ။

အဆိုးဆုံးအခြေအနေအထိဖြစ်သွားနိုင်ပေမဲ့ ကံတရားရဲ့ဆောင်မပေးမှုကြောင့် ပြန်လည်သက်သာလာတဲ့ထယ်ယောင်းကို ဒေါ်ဒေါ်ဟာ စိတ်မချဖြစ်မယ်ဆိုလည်း ဖြစ်ချင်စရာကောင်းတာမှန်ပေမဲ့ ဘာမှမဆိုင်တဲ့ဂျောင်ကုကိုတော့ အပြစ်တင်ခွင့်ရှိမနေ။

Destiny In Tide (Complete)Where stories live. Discover now