စွယ်တော်ပင်အောက်က အချစ်သက်သေ
Part 14
(A/N:: ဤဇာတ်လမ်းတွင်ပါ၀င်သော ဇာတ်လမ်း၊ဇာတ်ကွက်များမှာ စာရေးသူ၏ အတွေးပုံရိပ်သာဖြစ်သည်။ အကြောင်းအရာတစ်ခုခု တူညီခဲ့ပါက တိုက်ဆိုင်မှုမျှသာဖြစ်သည်။ ဤဇာတ်လမ်း၏ဇာတ်ကွက်များနှင့် အခြားဇာတ်လမ်းမှဇာတ်ကွက်များ တူညီမှုရှိခဲ့လျှင် စာရေးသူကို လာပြောပြနိုင်ပါသည်။)
"ခွန်းသစ်... မြတ်ဘုန်း... မလာကြသေးဘူးလား..."
အောက်ထပ်မှ ဖြိုးေ၀၏ ခေါ်သံကြောင့် ခွန်းသစ်တို့နှစ်ယောက် အောက်ထပ်သို့ ဆင်းလာလိုက်ကြသည်။ ခွန်းသစ် တို့စရောက်ထဲက ရွာကို နှံ့စပ်အောင်ပြပြီးပြီမို့ အခု ရွာနီးစပ်နေရာတွေကို လိုက်ပြဖို့ရန်အတွက် ဖြိုးေ၀ တစ်ယောက် နှိုးဆော်နေခြင်းဖြစ်သည်။
"လာပါပြီကွာ... မင်းကလည်း စိတ်ရှည်မှပေါ့..."
မြတ်ဘုန်း၏ စကားကြောင့် ဖြိုးေ၀ မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ခွန်းသစ်ကတော့ ထုံးစံလိုလိုဖြစ်နေတာကြောင့် ခပ်ပြုံးပြုံးဖြစ်သွားရသည်။
"ငါတို့ကို ဒီနေ့ ဘယ်လိုက်ပို့မှာလဲ..."
"ထန်းတော..."
"၀ိုး... တကယ်ကြီးလား..."
မြတ်ဘုန်းက တက်ကြွတဲ့ပုံစံဖြင့် မေးလာသည်။
"တကယ်ပေါ့..."
"မင်းကလည်း ညေနမွ လိုက်ပို့သင့်တာနော် နေ့ခင်းဘက်ကျ အဆင်သိပ်မပြေဘူး..."
"မင်းကို ထန်းရည်တိုက်ဖို့ လိုက်ပို့တယ် ထင်နေတာလား?"
"ဟမ်! ဟုတ္ဘူးလား..."
"ထန်းတောရွာကို လိုက်ပို့မှာ ငါတို့ဒေသမှာ ထန်းလျက်ထွက်တဲ့ရွာ..."
"သြော်... မင်းကလည်း ပြောပြောက စောပါလား..."
"မင်းက ထန်းရည်သမားဆိုတော့ လိုရာဆွဲတွေးတာကို..."
"မင်းကလည်း ငါ့ကိုဆို ပြောရော့မယ်... ဟွန့်..."
နှုတ်သီးဆူပြီး ဆောင့်အောင့်ကာ ထွက်သွားသော မြတ်ဘုန်းကို ဖြိုးေ၀ နောက်ကအမီလိုက်ချော့ရသေးသည်။ တကယ့်ကို ကလေးနှစ်ယောက်ပါပဲ။ ခွန်းကတော့ သူတို့ကိုမီအောင် ခပ်မြန်မြန်လေး လိုက်ခဲ့ရတော့သည်။ တစ်နေရာအရောက်တွင်
YOU ARE READING
စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]
Romance"နွေရာသီမှာ တွေ့တဲ့ နွေဦးဆည်းဆာကို ချစ်တယ်..." 💙ခွန်းသစ္စာပိုင်💙 "အချစ်ဆိုတာကို နားမလည်ပေမယ့် အကို့ကိုတော့ ချစ်မိနေပြီထင်တယ်..." 💙နွေဦးဆည်းဆာ💙 "ငါသာ သတ္တိရှိခဲ့မယ်ဆိုရင် မင်းအချစ်ကို ငါအရင်ရခဲ့မှာ... ခုတော့ ဒုတိယလူအဖြစ် ကျန်ရစ်ခဲ့ပြီပဲ..." 💙...