Part 31 (Uni)

388 33 28
                                    

စွယ်တော်ပင်အောက်က အချစ်သက်သေ

Part 31

(A/N:: ဤဇာတ်လမ်းတွင်ပါ၀င်သော ဇာတ်လမ်း၊ဇာတ်ကွက်များမှာ စာရေးသူ၏ အတွေးပုံရိပ်သာဖြစ်သည်။ အကြောင်းအရာတစ်ခုခု တူညီခဲ့ပါက တိုက်ဆိုင်မှုမျှသာဖြစ်သည်။ ဤဇာတ်လမ်း၏ဇာတ်ကွက်များနှင့် အခြားဇာတ်လမ်းမှဇာတ်ကွက်များ တူညီမှုရှိခဲ့လျှင် စာရေးသူကို လာပြောပြနိုင်ပါသည်။)

မနက်ခင်း အာရုံမတက်ခင်ထဲက တက်ကြွနေသော ခွန်းသစ်တစ်ယောက် စိတ်လှုပ်ရှားလွန်း၍ ညက အိပ်မရဖြစ်နေခဲ့ရသည်။ ချစ်ရသူလေးနှင့်အတူသွားရမည့် ခရီးစဉ်ဖြစ်တာကြောင့် အရင်ခရီးစဉ်များထက် ပိုစိတ်လှုပ်ရှားနေမိသည်။ ခရီးတိုလေးတစ်ခုဖြစ်သော်လည်း ကျောက်ပန်းထောင်းမြို့ထဲသာမက ပုပ္ပားဘက်လည်း လိုက်ပို့မည် ပြောသောကြောင့် အ၀တ္စား အနည်းငယ်တော့ ယူလာရမည်။ အ၀တ်များကို ညကတည်းက ထည့်ထားသောကြောင့် မနက်ခင်း ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီးသည်နှင့် ထွက်ရုံပင်။ ခွန်း ကသာ ပြင်ဆင်လို့ပြီး နေသော်လည်း တစ်ဖက်အခန်းက နှစ်ယောက်ကတော့ အိပ်မက်များ မက်နေသေးသည့်ပုံပင်။

ပြင်ဆင်စရာအားလုံး ပြင်ဆင်ပြီးသည်နှင့် နာရီကြည့်မိလိုက်ရာ မနက်ခင်း ၃နာရီခြဲသာ ရှိသေးသည်။ ထို့ကြောင့်လည်း ဟိုနှစ်ယောက်မနိုးသေးခြင်းပင်။ စိတ်စောနေ၍ ပြန်လည်း မအိပ်နိုင်ဖြစ်နေသည်။ လူမော စိတ်မောဖြစ်နေရသောကြောင့် ပြတင်းပေါက်အနားသို့ ကပ္ကာ လေညင်းခံလိုက်သည်။ မျက်နှာသို့ ရိုက်ခတ်လာသော လေပြည်နုနုလေးကို ခံယူူရင်း မြင်လိုက်ရသည်က ခြံရှေ့မှ ဖြတ်သွားသော ဟိုက်ဂျက်ကားလေး။ ယခုအချိန်တွင် မြို့ကိုသွားသော သူမ်ားမွာ တခြားသူများမဟုတ်။ ချစ်ရသူပင် ရွာလယ်လမ်းထဲတွင် လမ်းမီးတိုင်များမရှိသောကြောင့် တလမ်းလုံး မှောင်မဲနေသော်လည်း ခြံရှေ့တွင် ထွန်းထားသော မီးအလင်းရောင်ကြောင့် ချစ်ရသူ၏ မျက်နှာလေးကို အေ၀းမှ လှမ်း၍ မြင်လိုက်ရသည်။ မိမိဘက္ကို မျက်နှာမူထားသောကြောင့် အနည်းငယ်တော့ အကြည့်ချင်းစုံသွားလောက်မည်။

အေ၀းမှ မြင်ရုံနှင့် တဒိတ်ဒိတ်ခုန်လာသော နှလုံးသားလေးမှာ သူ၏ ပိုင်ရှင်ကို ညွှန်ပြနေလေသည်။ မျက်နှာ၀ိုင်း၀ိုင်းလေး၊ မကျဉ်းမကျယ်သော နဖူးပြေပြေ၊ မျက်ခုံးထူထူ၊ မျက်တောင်စိပ်စိပ်နှင့် အပြာရောင်မျက်၀န်းလေး၊ နှာတံချွန်ချွန်လေး၊ နှင်းဆီရောင် နှုတ်ခမ်းဖူးလေး၊ ရှက်သွားရင် ရဲတက်လာတတ်သော ပါးပြင်မို့မို့လေး။ ပြုံးလိုက်ရင် ပေါ်လာတတ်သော ပါးချိုင့်နက်နက်ကလေး။ အရမ်းချစ်မိနေတော့လည်း အသေးစိပ်ပုံပေါ်နေမိသည်။

စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]Where stories live. Discover now