Part 21
(A/N:: ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်များမှာ စာရေးသူ၏ အတွေးပုံရိပ်သာဖြစ်သည်။ အကြောင်းအရာတစ်ခုခု တူညီခဲ့ပါက တိုက်ဆိုင်မှုမျှသာဖြစ်သည်။ ဤဇာတ်လမ်း၏ဇာတ်ကွက်များနှင့် အခြားဇာတ်လမ်းမှဇာတ်ကွက်များ တူညီမှုရှိခဲ့လျှင် စာရေးသူကို လာပြောပြနိုင်ပါသည်။)
*ဟင် ကောင်လေး...*
ထနှောင်း အိမ်ထဲမှ ထွက်လာလာချင်းမြင်လိုက်ရသော ကောင်လေးကြောင့် ကြက်သေသေသွားရသည်။ သူရဲ့စာဖတ်ပရိတ်သတ်၊ သူသဘောကျနေသော ကောင်လေး မဟုတ်ပါလား။ လိုင်းပေါ်က ပုံကိုပဲ မြင်ဖူးသော်လည်း သူကောင်းကောင်းမှတ်မိသည်။ သို့သော် ထိုကောင်လေး ဒီရွာကို အဘယ်ကြောင့် ရောက်လာသလဲ။ နွေဦးနဲ့ရော ဘယ်လိုမျိုးပတ်သတ်သလဲ။ ထိုအရာကိုတော့ သူမသိ။ ကောင်လေးပြောပုံအရ သူကြိုက်နေသောCrushရဲ့ ရွာကို ရောက်နေသည်ပြောသောကြောင့် သူကြိုက်နေသောသူမှာ မည်သူနည်း။ မေးခွန်းပေါင်းများစွာ ခေါင်းထဲ ဖြစ်ပေါ်နေတော့သည်။
"ထနှောင်း လာလေ ဘာရပ်လုပ်နေတာလဲ"
ဝတ်မှုန်၏ ဆော်သြသံကြောင့် အတွေးလွန်နေရာမှ သတိပြန်ဝင်လာသည်။ အတတ်နိုင်ဆုံး တုန်ရီနေသော ခန္ဓာကိုယ်ကို ထိန်းကာ နွေဦးတို့ရှိရာဆီသို့ လျှောက်သွားလိုက်သည်။ ထိုကောင်လေးကို ပုံမပြဖူးတာကြောင့် သူ့ကိုတော့ သိမည့်ပုံမပေါ်။
"ထနှောင်း ငါရောက်တာတောင် ချက်ချင်းရောက်မလာနိုင်အောင် အိမ်ထဲ ဘာတွေလုပ်နေတာလဲ "
"ငါ့အမေပေါ့ကွာ... ငါ့ကို အားလူးလှီးခိုင်းသွားတယ်လေ ၁ပိဿမပြီးမချင်း အပြင်မသွားရဘူးတဲ့၊ အဲ့ဒါနဲ့ ငါလှီးနေတာ"
မသိမသာ ကောင်လေးဘက်ကို ကြည့်မိတော့ သူ့အကြည့်တွေက ထနှောင်းဆီမှာ ရှိမနေ။ နွေဦးကို ကြည့်နေသော မျက်လုံးများမှာ အရောင်များလဲ့နေသည်ကို တွေ့နေရသည်။ ထနှောင်းစိတ်ထဲကသိလိုက်ရပါပြီ ထိုကောင်လေးပြောစကားနှင့် သူ့မျက်လုံးများမှစကားကို ဖတ်ကြည့်သောအခါ သူကြိုက်နေသောသူမှာ တခြားသူမဟုတ် မိမိသူငယ်ချင်းအရင်းကြီးဖြစ်သော နွေဦးဆည်းဆာပင်။
YOU ARE READING
စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]
Romance"နွေရာသီမှာ တွေ့တဲ့ နွေဦးဆည်းဆာကို ချစ်တယ်..." 💙ခွန်းသစ္စာပိုင်💙 "အချစ်ဆိုတာကို နားမလည်ပေမယ့် အကို့ကိုတော့ ချစ်မိနေပြီထင်တယ်..." 💙နွေဦးဆည်းဆာ💙 "ငါသာ သတ္တိရှိခဲ့မယ်ဆိုရင် မင်းအချစ်ကို ငါအရင်ရခဲ့မှာ... ခုတော့ ဒုတိယလူအဖြစ် ကျန်ရစ်ခဲ့ပြီပဲ..." 💙...