ဖူးစာဆုံရာ စွယ်တော်ရိပ်မှာ
Part 1
"ရေး... ကျွတ်ပြီ လွတ်ပြီကွ... "
"ဟဲ့ ဖြေနိုင်လား..."
"ဒီအပုဒ်က ခက်လိုက်တာဟာ ငါအောင်ပါ့မလားပဲ..."
"အေးဆေးပဲလား သားရီးတို့..."
၁၂နာရီထိုးသည်နှင့် စာမေးပွဲခန်းထဲမှ အလျှိုလျှိုထွက်လာကြသော ကျောင်းသား၊ကျောင်းသူများ၏ တီးတိုးသံတချို့ ထွက်ပေါ်လာတော့သည်။ ထိုထွက်လာကြလာသော ကျောင်းသားများထဲမှ အဖြူရောင် လည်ကတုံးနှင့် နက်ပြာရောင်ပုဆိုးကွက်စိတ်လေးကို ၀တ်ဆင်ထားသော ကောင်ငယ်လေးမှာ ထင်ပေါ်နေသည်။
ထိုကောင်လေးမှာ ဆံပင်ကို အပြာရောင် Mini Hilight ဖောက်ထားပြီး ဂျယ်ဖြင့် ပုံသွင်းထားသောကြောင့် အတော်လေး ကြည့်ကောင်းနေသည်။ ထို့အပြင် အညိုရောင်မျက်ဝန်းတစ်စုံနှင့် လိုက်ဖက်လှသော ထူထဲ နက်မှောင်သော မျက်ခုံး၊ စင်းကော့နေသော မျက်တောင်မွှေးတို့ ရှိနေလေသည်။ ဖြောင့်စင်းသော နှာတံတို့မှာလည်း Vshapeပုံ မျက်နှာနှင့် လိုက်ဖက်လွန်းလှသည်။ ဆေးမကူပဲ နီဆွေးသော နှုတ်ခမ်းပါးတို့မှာလည်း ဖြူဖွေးသောအသားရည်နှင့် လိုက်ရောညီထွေရှိသည်။
ထိုကောင်လေးသည် စာမေးပွဲဖြေရာ မိန်းဆောင်မှ သူငယ်ချင်းများစုံနေကျ ကန်တင်းဆီသို့ ခြေဦးတည်လိုက်သည်။ ကျောပိုးအိတ်ကို ပုခုံးတစ်ဖက်ဖြင့်သာ လွယ်၍ ဖုန်းကို bluetoothနားကြပ်ဖြင့် ချိတ်ကာ နားထောင်နေကျ သံစဉ်အေးအေးလေးတွေ နားထောင်ရင်း ပေါ့ပါးသော ခြေလှမ်းတို့ဖြင့် ခပ်မြန်မြန်လေး သွားလိုက်သည်။
"ခွန်းသစ်..."
ကန်တင်းအလယ်လောက်တွင်ရှိနေသော စားပွဲဝိုင်းမှ သူငယ်ချင်းများ၏ အသံကြောင့် သူကြာကြာမရှာလိုက်ရပါ။
"မင်းတို့တွေ အစောကြီးထွက်နေတာလား..."
"ဒါပေါ့ကွ သိတယ်မလား ကိုယ်တွေက ဟိုက်ပါကြီးတွေလေ..."
"အကုန်ဖြေခဲ့ရဲ့လား..."
"တစ်ပုဒ်က ငါကျက်ထားတဲ့အထဲကမဟုတ်တော့ မဖြေခဲ့ရဘူးလေ... ဒါနဲ့ စောစောထွက်လာလိုက်တာ..."
YOU ARE READING
စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]
Romansa"နွေရာသီမှာ တွေ့တဲ့ နွေဦးဆည်းဆာကို ချစ်တယ်..." 💙ခွန်းသစ္စာပိုင်💙 "အချစ်ဆိုတာကို နားမလည်ပေမယ့် အကို့ကိုတော့ ချစ်မိနေပြီထင်တယ်..." 💙နွေဦးဆည်းဆာ💙 "ငါသာ သတ္တိရှိခဲ့မယ်ဆိုရင် မင်းအချစ်ကို ငါအရင်ရခဲ့မှာ... ခုတော့ ဒုတိယလူအဖြစ် ကျန်ရစ်ခဲ့ပြီပဲ..." 💙...