Part 4
(A/N:: ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်များမှာ စာရေးသူ၏ အတွေးပုံရိပ်သာဖြစ်သည်။ အကြောင်းအရာတစ်ခုခု တူညီခဲ့ပါက တိုက်ဆိုင်မှုမျှသာဖြစ်သည်။ ဤဇာတ်လမ်း၏ဇာတ်ကွက်များနှင့် အခြားဇာတ်လမ်းမှဇာတ်ကွက်များ တူညီမှုရှိခဲ့လျှင် စာရေးသူကို လာပြောပြနိုင်ပါသည်။)
ထနှောင်းရိပ်...
ထနှောင်းရိပ်ဆိုသော ကောင်လေးမှာ နွေဦး၏ ငယ်ပေါင်းသူငယ်ချင်းတစ်ဦးပင်ဖြစ်သည်။ တစ်ရွာထဲနေ တစ်ရေထဲ သောက်ကြသော တစ်ရွာထဲသားချင်းဆိုလည်း မမှားပေ။ ထနှောင်းသည် အမေတစ်ခု သားတစ်ခုဖြစ်သည်။ သူတို့ သားအမိနှစ်ယောက်၏အိမ်မှာ ရွာရှေ့ဘက်တွင်ရှိလေသည်။ ထနှောင်း၏အမေ အရီးလှ မှာ ရွာထဲတွင် အကြော်ကြော်ရောင်းသူတစ်ဦးလည်းဖြစ်သည်။
အိမ်ရှေ့လေးတွင် အကြော်ဆိုင်လေးဖွင့်ထားပြီး ရံဖန်ရံခါတွင် အသုတ်စုံလေးရောင်းသည်။ ရွာတွင် အရီးလှ၏ အကြော်မှာ နာမည်အကြီးဆုံးလည်းဖြစ်သည်။ ရွာတွင်စားသုံးရန် သာမက လက်ဆောင်ပေးရန်အတွက်လည်း အကြော်စုံများလုပ်ကာ မြို့တွင် တက်ရောင်းချခြင်းဖြင့် အသက်မွေးကြသည်။
ထနှောင်းသည် မိတ္ထီလာတက္ကသိုလ်ကျောင်းသားတစ်ဦးလည်းဖြစ်ပေသည်။ အားသည့်အချိန်များတွင်တော့ အရီးလှ ကို ကူညီကာ အကြော်ကြော်ခြင်း၊ packingထုပ်ခြင်းတို့ကို ပြုလုပ်ပေးသည်။ မြို့သို့သွားကာ ဖောက်သည်ပေးသေးသည်။ မြို့က လူများမှာလည်း မြို့အပြန်လက်ဆောင်အဖြစ် အရီးလှအကြော်စုံထုပ်များကို ၀ယ်ယူအားပေးလေ့ရှိကြသည်။
"ထနှောင်း... မနေ့ အရီးပြောတော့ မင်းဟိုဘက်ရွာမှာဆို..."
"ဟုတ်တယ်လေ... ညက အမေဖုန်းဆက်တယ် မင်းရောက်နေပြီတဲ့... ဒါနဲ့ ငါလည်း မနက်စောစောထွက်ချလာတာပဲ... လမ်းမှာ ဒေါ်လေးနဲ့တွေ့တယ် မင်းဒီမှာရှိတယ်ပြောလို့... ငါလိုက်လာခဲ့တာ..."
"သြော်... စာမေးပွဲဖြေနိုင်လား ထနှောင်း..."
"ဖြေနိုင်ပါ့ကွာ... ဒါတွေလောက်တော့ လုံးဝ easy goingပဲ..."
YOU ARE READING
စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]
Romance"နွေရာသီမှာ တွေ့တဲ့ နွေဦးဆည်းဆာကို ချစ်တယ်..." 💙ခွန်းသစ္စာပိုင်💙 "အချစ်ဆိုတာကို နားမလည်ပေမယ့် အကို့ကိုတော့ ချစ်မိနေပြီထင်တယ်..." 💙နွေဦးဆည်းဆာ💙 "ငါသာ သတ္တိရှိခဲ့မယ်ဆိုရင် မင်းအချစ်ကို ငါအရင်ရခဲ့မှာ... ခုတော့ ဒုတိယလူအဖြစ် ကျန်ရစ်ခဲ့ပြီပဲ..." 💙...