Part 33 (Uni)

298 14 3
                                    

စွယ်တော်ပင်အောက်က အချစ်သက်သေ

Part 33

(A/N:: ဤဇာတ်လမ်းတွင်ပါ၀င်သော ဇာတ်လမ်း၊ဇာတ်ကွက်များမှာ စာရေးသူ၏ အတွေးပုံရိပ်သာဖြစ်သည်။ အကြောင်းအရာတစ်ခုခု တူညီခဲ့ပါက တိုက်ဆိုင်မှုမျှသာဖြစ်သည်။ ဤဇာတ်လမ်း၏ဇာတ်ကွက်များနှင့် အခြားဇာတ်လမ်းမှဇာတ်ကွက်များ တူညီမှုရှိခဲ့လျှင် စာရေးသူကို လာပြောပြနိုင်ပါသည်။)

ဘုရားရိပ် တရားရိပ္ကို ခိုရင် အေးချမ်းတယ်လို့ လူကြီးသူမတွေပြောတာ ကြားဖူးပါရဲ့။ သို့သော်လည်း ထနှောင်းအတွက်တော့ မအေးချမ်းနိုင်သေးပေ။ ဘုရားရင်ပြင်ပေါ်တွင် ရှေ့ဆင့်နောက်ဆင့် လျှောက်နေသူနှစ်ဦးကတော့ ထနှောင်းနှင့်လေပြည်ပင်။ အတူတူယှဉ်သွားနေတာလည်းမဟုတ်၊ ရှေ့ကသွား နောက်ကလိုက်တာလည်း မမည်သည့် အကွာေ၀းဖြင့် ဘုရားကို လက်ယာရစ်ပူဇော်နေလေသည်။ ထနှောင်းမှာ လေပြည့်အနောက်တွင် ကုတ်ချောင်းကုတ်ချောင်းဖြစ်နေ၍ ဘုရားဖူးတွေရဲ့ လှည့်ကြည့်သွားတာ ခံရသေးသည်။ ဒါကို ထနှောင်းဂရုမစိုက်။ လေပြည့်ကိုသာ အရိပ်တကြည့်ကြည့်ဖြစ်နေသည်။

လေပြည်မျက်နှာမှာ တည်ငြိမ်တဲ့အသွင်ရှိနေသည်မို့ နွေဦးနှင့်ပတ်သတ်ပြီး ခံစားချက်ရှိနေနိုင်သေးလားကို ထနှောင်းမသိ။ သိလည်းမသိချင်တော့ပေ။ တစ်ယောက်မှာ မိမိ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်နေပြီး ကျန်တစ်ယောက်မှာ မိမိနှစ်သက် သဘောကျနေသူပင်ဖြစ်နေသောကြောင့် သူကြားထဲက ၀င်ပါလို့မကောင်းပေ။ လေပြည်ကိုယ်တိုင်မှာလည်း နွေဦးကို ပျော်တာပဲမြင်ချင်နေတာကြောင့် နောက်ဆုတ်ပေးလိုက်သည့်ပုံရသည်။ သို့သော် လေပြည်ခံစားရမှာကို သူစိုးရိမ်မိသည်။

"ထနှောင်း "

"ဟင် "

အတွေးလွန်နေသော ထနှောင်းကို အသိစိတ်ပြန်၀င်အောင် နှိုးဆော်လိုက်သည်မှာ လေပြည့်၏ခေါ်သံလေးပင်။

"ဒီကပြီးရင် ဘယ္သြားမွာလဲ "

"နောက်ဘုရားတွေကိုပေါ့... ပြီးရင် လမ်းမှာ ကျောက်ပန်းတောင်းရဲ့ အထင်ကရမုန့်၀ယ်ကျေွးမယ်။ ထန်းရေ၀င်သောက်မယ် "

စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]Where stories live. Discover now