စွယ်တော်ပင်အောက်က အချစ်သက်သေPart 19
(A/N:: ဤဇာတ်လမ်းတွင်ပါ၀င်သော ဇာတ်လမ်း၊ဇာတ်ကွက်များမှာ စာရေးသူ၏ အတွေးပုံရိပ်သာဖြစ်သည်။ အကြောင်းအရာတစ်ခုခု တူညီခဲ့ပါက တိုက်ဆိုင်မှုမျှသာဖြစ်သည်။ ဤဇာတ်လမ်း၏ဇာတ်ကွက်များနှင့် အခြားဇာတ်လမ်းမှဇာတ်ကွက်များ တူညီမှုရှိခဲ့လျှင် စာရေးသူကို လာပြောပြနိုင်ပါသည်။)
"နွေဦးရေ... နွေဦး... ဧည့်သည်ပါတယ်ဟေ့..."
"လာပြီဗျာ့..."
အိမ်ရှေ့မှ တကျော်ကျော်အော်ခေါ်နေသော ကိုချက်ကြီး၏အသံမှာ အနောက်ပိုင်းတစ်ပိုင်းလုံး ကြားရလောက် သည်။ ဘာတွေများ အရေးကြီးသုတ်ပြာဖြစ်လာတယ်မသိ။ ကိုချက်ကြီးမှာ နွေဦးတို့နှင့် တစ်၀ိုင်းကျော်တွင်နေသူဖြစ်ပြီး မြို့က ကားဂိတ်မှာ Taxiဆွဲသူတစ်ဦးဖြစ်သည်။ တစ်ပတ်တွင် တစ်ရက်လောက်သာ အိမ်ပြန်လာတတ်သည်။ သို့သော် ယခုတစ်ခေါက်မှာ တစ်ပတ်ပင်မပြည့်သေးပေ။ သို့သော် ဧည့်သည်ဆိုပါလား။ ဘယ္သူမ်ား လာတာပါလိမ့်။ နွေဦး ကြာကြာမစဉ်းစားနေတော့ဘဲ အိမ်အောက်ကို ပြေးဆင်းသွားခဲ့သည်။
"ကိုချက်ကြီး အစောရီးပြန်လာတာပါလား..."
"အေးကွ... မင်းကျေးဇူးကြောင့်ပေါ့..."
"ဗ်ာ... ကျွန်တော့်ကြောင့်..."
အူလည်လည်လေးဖြစ်သွားသော နွေဦးကို ချောင်းကြည့်နေသော တစ်ယောက်မှာ အသည်းတယားယား ရှိလှသည်။
"အေးဆို..."
"ဒါနဲ့ ဧည့်သည်ဆို... ဘယ်မှာလဲ..."
ဘေးဘီ၀ဲယာကိုရှာကြည့်သော်လည်း ခွေးတစ်ကောင် ကြောင်တစ်မြှီးမှ မတွေ့ရ။ ကိုချက်ကြီးကို ကြည့်တော့လည်း ပြုံးပြုံးကြီးလုပ်နေသောကြောင့် နွေဦးမှာ စဉ်းစားရခက်လှသည်။
"ဟဲဟဲ... ငါသွားပြီ... ကိုယ့်ဘာသာရှာပေတော့..."
"ဟမ်..."
နွေဦးတစ်ယောက် ကိုချက်ကြီးကြောင့် အူလည်လည်ဖြစ်သွားရပြန်သည်။ အိမ်ထဲမှထွက်မလာခင်က ဧည့်သည်ပါတယ်ပြောသော်လည်း အခု ကိုယ့်ဘာသာရှာရန်ပြောသောကြောင့် နွေဦးဘာလုပ်ရမယ်မသိ။ ရုတ်တရတ် သူရှေ့မှ မြင်ကွင်းအမှောင်ဖုံးသွားခဲ့ရသည်။ အကြောင်းရင်းမှာ သူ့မျက်စိနှစ်ဖက်ကို အနောက်မှ လက်ဖြင့် ပိတ်ခြင်းခံလိုက်ရသည်။
YOU ARE READING
စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]
Romance"နွေရာသီမှာ တွေ့တဲ့ နွေဦးဆည်းဆာကို ချစ်တယ်..." 💙ခွန်းသစ္စာပိုင်💙 "အချစ်ဆိုတာကို နားမလည်ပေမယ့် အကို့ကိုတော့ ချစ်မိနေပြီထင်တယ်..." 💙နွေဦးဆည်းဆာ💙 "ငါသာ သတ္တိရှိခဲ့မယ်ဆိုရင် မင်းအချစ်ကို ငါအရင်ရခဲ့မှာ... ခုတော့ ဒုတိယလူအဖြစ် ကျန်ရစ်ခဲ့ပြီပဲ..." 💙...