Part 25
(A/N:: ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်များမှာ စာရေးသူ၏ အတွေးပုံရိပ်သာဖြစ်သည်။ အကြောင်းအရာတစ်ခုခု တူညီခဲ့ပါက တိုက်ဆိုင်မှုမျှသာဖြစ်သည်။ ဤဇာတ်လမ်း၏ဇာတ်ကွက်များနှင့် အခြားဇာတ်လမ်းမှဇာတ်ကွက်များ တူညီမှုရှိခဲ့လျှင် စာရေးသူကို လာပြောပြနိုင်ပါသည်။)
"ဗျို့ သူကြီးရေ... သူကြီး"
"ဟေ... မောင်ကိုကြီး လာလေကွာ"
"ဟုတ်ကဲ့"
"စောစောစီးစီးပါလားကွ"
"ဟုတ်တယ်သူကြီး။ ညနေကျရင်လည်း လုပ်စရာလေးတွေရှိနေတာနဲ့ မနက်စောစောနေပူမမိအောင် အရင်ဆောက်မလို့လေ"
"ဒီနေ့တောင် ဇာတ်စင်ဆောက်ကြတော့မယ်ပေါ့ ဘာတွေလိုသေးလဲကွ"
"လိုအပ်တဲ့ပစ္စည်းတွေကတော့ စုံပါပြီ"
"ပစ္စည်းကစုံပါပြီဆိုတော့ ဘာက မစုံတာတုန်းကွ"
"လူတွေပါသူကြီး"
"လူတွေဘယ်သွားကုန်လို့လဲကွ"
"မြို့တက်ပြီး ပစ္စည်းဝယ်တဲ့သူတွေလည်းရှိနေတာဆိုတော့ လူအင်အားတော့ နည်းတယ်ဗျာ့"
"အေးအေး လူလိုရင် အိမ်ကကောင်တွေခေါ်သွားပေါ့ကွာ ဒီကောင်တွေက အားအားနေ အိမ်ပြင်ထွက်ဖို့ပဲချောင်းနေကြတာ"
"ဟုတ် အဲ့ဒါဆို ဖြိုးဝေတို့ကို ကျွန်တော်ခေါ်သွားမယ်နော်"
"အေးအေး မင်းတို့ချင်း ချိန်းချက်ထားပြီးသားဆိုတာ ငါရိပ်မိပါ့။ မမြင်ချင်ယောင်ဆောင်နေတာ"
"အဲ..."
သူကြီးအပြောကြောင့် မလုံမလဲဖြင့် အံ့သြသွားသော ကိုကိုကြီးကို သူကြီးက ပြုံးစစဖြင့် ကြည့်နေလိုက်သည်။
"မင်းကိုဘယ်လိုတွေတောင် သိမ်းသွင်းလိုက်လို့ မင်းက ဒီထိတောင်လာခေါ်ရတာလဲ ငါ့ကိုပြောစမ်း"
"အဲဒါကတော့ ဟို... ဟိုလေ"
သူနဲ့အေးမြကိစ္စကို အကြပ်ကိုင်ပြီး ခေါ်ခိုင်းပါတယ်လို့ပြောလိုက်ရင်လည်း သူ့အကြောင်းသိသွားဦးမည်။ မေးနေတော့လည်း မဖြေလို့ကမရ။ ကိုကိုကြီးတစ်ယောက် ချွေးတွေပင်ပြန်လာလေပြီ။ ထိုအရာကို ရိပ်မိသော သူကြီးက...
YOU ARE READING
စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]
Romansa"နွေရာသီမှာ တွေ့တဲ့ နွေဦးဆည်းဆာကို ချစ်တယ်..." 💙ခွန်းသစ္စာပိုင်💙 "အချစ်ဆိုတာကို နားမလည်ပေမယ့် အကို့ကိုတော့ ချစ်မိနေပြီထင်တယ်..." 💙နွေဦးဆည်းဆာ💙 "ငါသာ သတ္တိရှိခဲ့မယ်ဆိုရင် မင်းအချစ်ကို ငါအရင်ရခဲ့မှာ... ခုတော့ ဒုတိယလူအဖြစ် ကျန်ရစ်ခဲ့ပြီပဲ..." 💙...