Part 16 (Uni)

524 41 12
                                    

စွယ်တော်ပင်အောက်က အချစ်သက်သေ

Part 16

(A/N:: ဤဇာတ်လမ်းတွင်ပါ၀င်သော ဇာတ်လမ်း၊ဇာတ်ကွက်များမှာ စာရေးသူ၏ အတွေးပုံရိပ်သာဖြစ်သည်။ အကြောင်းအရာတစ်ခုခု တူညီခဲ့ပါက တိုက်ဆိုင်မှုမျှသာဖြစ်သည်။ ဤဇာတ်လမ်း၏ဇာတ်ကွက်များနှင့် အခြားဇာတ်လမ်းမှဇာတ်ကွက်များ တူညီမှုရှိခဲ့လျှင် စာရေးသူကို လာပြောပြနိုင်ပါသည်။)

"ဒါဘာဖြစ်နေကြတာလဲ"

ဒေါသသံစွတ်နေသော အသံကြောင့် အပြစ်လုပ်ထားသူတို့မှာ မျက်နှာကိုငုံ့ထားလျှက်။ ထနှောင်း၏ကော်လံစကို ဆွဲထားသော မျိုးကျော်ကျော်မှာလည်း ဖြေလျော့ပေးကာ ထနှောင်းကိုစောင့်တွန်းလိုက်ပြီး ခပ်စူးစူးကြည့်နေသည်။

ယိုင်လဲမလိုဖြစ်သွားသော ထနှောင်းကို မြတ်ဘုန်းက တွဲထူပေးလိုက်သည်။ ထနှောင်းမျက်နှာမှာလည်း အနည်းငယ်ယောင်နေလေသည်။ ဗိုက္ကို အကန်ခံထားရပုံပေါ်တာကြောင့် ဗိုက်ကိုဖိကိုင်ထားသည်ကို တွေ့လိုက် ရသည်။

"နွေဦး..."

ခွန်းက လဲကျနေသော နွေဦးကို ပြေးထူပေးသည်။ ပါးတစ်ဖက်သိသိသာသာယောင်နေပြီး နှုတ်ခမ်းမှာ သွေးစအနည်းငယ် ရှိနေသော နွေဦးကြောင့် ခွန်းမှာ စိတ်မကောင်းဖြစ်မိသည်။

"ညီ... ရရဲ့လား..."

"ရ..ရပါတယ်... ကိုခွန်း..."

ခွန်းလည်း နွေဦးတို့ကိုခေါ်လာကာ သူတို့ အနောက်ကိုပို့လိုက်သည်။ ကလေးတွေကို လူကြီးဖြစ်တဲ့သူတို့က ကာကွယ်ပေးရမယ်မလား။

"မျိုးကျော်ကျော်... မင်း ငါတို့ရွာမှာ ပြဿနာ မရှာလို့မရဘူးလား"

"..."

ဒေါသထွက်နေသောကြောင့် ဖြိုးေ၀ အံကြိတ်သံဖြင့် ပြောလိုက်သည်။ သို့သော် ဘာမှပြန်မပြောဘဲ မိမိတို့ဘက်ကို ခပ်စူးစူးစိုက်ကြည့်နေသော မျိုးကျော်ကျော်။

"ဟိုတစ်နေ့ကလည်း မိအေးတို့ကို လိုက်နှောက်ယှက်လို့ မင်းကို သတိပေးပြီးသားနော်... ခုလည်း ငါတို့ရွာသားကို လာထိပြန်ပြီ... မင်းတော်တော်တရားလွန်နေပြီ မျိုးကျော်ကျော်..."

စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]Where stories live. Discover now