Part 26 (Zawgyi)

146 7 0
                                    


Part 26

(A/N:: ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်များမှာ စာရေးသူ၏ အတွေးပုံရိပ်သာဖြစ်သည်။ အကြောင်းအရာတစ်ခုခု တူညီခဲ့ပါက တိုက်ဆိုင်မှုမျှသာဖြစ်သည်။ ဤဇာတ်လမ်း၏ဇာတ်ကွက်များနှင့် အခြားဇာတ်လမ်းမှဇာတ်ကွက်များ တူညီမှုရှိခဲ့လျှင် စာရေးသူကို လာပြောပြနိုင်ပါသည်။)

မနက်ခင်းကထဲက ဆောက်နေသော ဇာတ်စင်မှာ အတော်လေးပုံပေါ်နေလေပြီ။ ဇာတ်စင်မှာ အောက်ခြေကို ထန်းလုံးကိုးလုံးဖြင့် ခံထားကာ အပေါ်တွင် ပျဉ်ပြားကြီးကြီး သုံးချက်ခင်းထားသည်။ စင်ဘေးတွင် မျောတိုင်များထောင်ကာ ၀ါးလုံးများ တန်းထိုးထားသည်။ အတော်အသင့်ပြီးနေပြီမို့ ညနေ နေအေးချိန် အပြီးသတ်နိုင်ပေမည်။ အမိုးအတွက် ထန်းလက်များကို အသုံးပြုထားသည်။ အမိုးမိုးနေသော အကိုကြီးများမှာလည်း ခေါင်းကိုနေပူနေသောကြောင့် အတော်လေးပင်ပန်းနေလေပြီ။ နေ့ခင်းရောက်ပြီမို့ နေပူရှိန်က သိသိသာသာပြင်းလှသည်။ နွေရာသီ၏ နေ့ခင်းဖြစ်တာကြောင့် အရင်ကထက်ပိုပူသည်။ ဇာတ်စင်ဆောက်လက်စ လူများမှာလည်း အတော်လေးပန်းနေပြီဖြစ်တာကြောင့် နေ့ခင်း နားလိုက်ကြတော့သည်။

"ကောင်လေးတွေ နေမြင့်နေပြီ နားကြမယ်ဟေ့။ အပေါ်က ကလေးတွေ ဆင်းခဲ့လိုက်တော့"

"ဟုတ် ကိုကြီး"

"ကိုယ့်ပစ္စည်းတွေသေချာသိမ်းကြနော် ကျန်နေခဲ့မယ် သေချာကြည့်ကြ။ ထန်းလက်တွေနင်းမိမယ်နော်။ ကလေးတွေ လျှောက်ဆော့စရာမဟုတ်ဘူး နေပူနေပြီ ပြန်ကြတော့"

ကိုကြီး၏ တတွတ်တွတ်စီစဉ်နေပုံကိုကြည့်ပြီး ဘေးနားက လူတွေ မောရသည်။ ကိုကြီးကတော့ မမောနိုင်ဘဲ သူညွှန်ကြားစရာရှိတာ ညွှန်ကြားနေတော့သည်။ စလုပ်တုန်းက တက်တက်ကြွကြွရှိနေကြသော်လည်း နေမြင့်သည်နှင့် မောဟိုက်နေကြသော ကောင်လေး ၆ယောက်ကတော့ အရိပ်ကောင်းသော ကုက္ကိုပင်အောက်တွင် ခြေပစ်လက်ပစ်ထိုင်နေကြတော့သည်။

"ပင်ပန်းနေကြပြီလားကွ"

အသံစာစာဖြင့် ပြောလာသော ကိုကိုကြီးမှာ ရေအေးဘူး ၂ဘူးဆွဲလျက် ကုက္ကိုပင်ရိပ်ကို လျှောက်လာနေသည်။ ကိုကိုကြီးကတော့ ဘယ်လောက်ပင်ပန်းနေပါစေ အမြဲရွှင်ပျနေတာမို့ မျက်နှာတစ်ချက်လေးမှမပျက်။ ရွာနဲ့ဆိုင်တဲ့ အလုပ်တွေဆို မငြီးမငြူလုပ်ပေးခဲ့သည်။ ဒါ့ကြောင့်လည်း ရွာရဲ့ ကာလသားခေါင်းဆောင်ဖြစ်နေသည် မဟုတ်ပါလား။

စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]Where stories live. Discover now