Part 2 (Uni)

1.7K 110 4
                                    

စွယ်တော်ပင်အောက်က အချစ်သက်သေ

Part 2

ကျောင်းပိတ်ရက်ရောက်ပြီမို့ မိမိ၏ကျောင်းတော်ကြီးကို ခြဲခြာကာ နေရပ်သို့ပြန်ရပေအုံးမည်။ ယခုဆို ဒုတိယနှစ်၏ ပထမစာသင်နှစ်၀က်ပြီးခဲ့လေပြီ။ မိမိရွာအတွက် ကောင်းကျိုးပြုမည်ဟူသော ရည်ရွယ်ချက်ဖြင့် ပညာရေး တက္ကသိုလ်ကိုသာ ရွေးချက်တက်ရောက်ဖြစ်ခဲ့သည်။ အနေအေးတတ်၍ ကျွန်တော့်တွင် သူငယ်ချင်းသိပ်မရှိပေ။ လေပြည်ဦး ဆိုသော သူငယ်ချင်းတစ်ဦးသာ စွဲစွဲမြဲမြဲပေါင်းသည်။

လေပြည်က သူငယ်ချင်းပေါသည်။ သူနှင့်ပေါင်းသောကြောင့်သာ သူ့သူငယ်ချင်းအချို့နဲ့ ခင်မင်ခွင့်ရခဲ့သည်။ ယောက်ျားလေးသူငယ်ချင်းတွေရော မိန်းကလေးသူငယ်ချင်းတွေရောပါ ရပြီမို့ အရင်လိုတော့ တစ်ယောက်ထဲမဖြစ်တော့ပေ။

"သူငယ်ချင်းတို့ရေ ကျောင်းပိတ်ရက်ကျရင် ငါ့ကို လွမ်းမနေကြနဲ့နော်..."

ကျောင်းကန်တင်းတွင် ထိုင်နေရာမှ အဖွဲ့ထဲက တစ်ယောက် ထဖောက်လိုက်ခြင်းဖြစ်သည်။

"စိတ္ခ် အိပ်မက်ထဲတောင် မမက္ဘူး..."

မင်းနိုင်၏ စကားကို ထွန်းမင်းက ဖြေလိုက်သည်။

"နွေဦး... မင်းဘယ်နေ့ပြန်မှာလဲ..."

"လက်မှတ်ရရင်တော့ မနက်ဖြန်လောက်ပြန်ဖြစ်မယ်..."

"အေးပါကွာ... ရောက်ရင် ငါ့ကို အကျိုးအကြောင်းဖုန်းဆက်အုံး..."

"မင်းက မှာသာမှာနေတာ ဟိုကဆက်မှာလည်းမဟုတ်ဘူး... အရင်နှစ်ကလိုပဲ နေမှာ... မင်းကသာ ဖုန်းဆက်မလား ဆိုပြီး မျှော်နေတာ ဆက်လည်းမဆက်ဘူး..."

"ဟုတ်ပါ့..."

ထွန်းမင်းနဲ့ မင်းနိုင် ဘယ်အချိန်ထဲက သဘောမကျနေသည်မသိ။ ယခုမွသာ အကြောင်းစုံသိရတော့သည်။

"မင်းတို့ကလည်းကွာ... နွေဦးကို အဲ့လိုမပြောပါနဲ့..."

"ပြောပါစေ ငါမကောင်းတာပါကွာ... ငါက ဟိုရောက်ရင် ပိတ်ရက်လေးမို့ ကလေးတွေကို စာသင်ပေးချင်လို့ပါ... ညအားတဲ့အချိန် ဆက်ပါ့မယ်ကွာ..."

"စိတ်မကောင်းမဖြစ်နဲ့နော် နွေဦး... ဒီကောင်တွေအကြောင်းမင်းလည်း သိသားပဲ..."

စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]Where stories live. Discover now