Part 10
(A/N:: ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်များမှာ စာရေးသူ၏ အတွေးပုံရိပ်သာဖြစ်သည်။ အကြောင်းအရာတစ်ခုခု တူညီခဲ့ပါက တိုက်ဆိုင်မှုမျှသာဖြစ်သည်။ ဤဇာတ်လမ်း၏ဇာတ်ကွက်များနှင့် အခြားဇာတ်လမ်းမှဇာတ်ကွက်များ တူညီမှုရှိခဲ့လျှင် စာရေးသူကို လာပြောပြနိုင်ပါသည်။)
နွေရာသီ၏ လအစဖြစ်နေသော်လည်း ပူချက်ကအတော်ဆိုးလှသည်။ နေ့ခင်းစာစားပြီးသည်နှင့် ထနှောင်း နားဖို့ပြင်လိုက်သည်။ အမေ့အလုပ်မှာ ၀ိုင်းကူမယ့်သူပေါနေတာက တစ်ကြောင်း မကြာသေးခင်ကမှ စာမေးပွဲဖြေ ပြန်လာတာကတစ်ကြောင်းကြောင့် အမေက ပင်ပန်းမည်ဆိုး၍ အနားပေးထားခြင်းဖြစ်သည်။
"ပျင်းလိုက်တာ... နွေဦးနဲ့ချိန်းထားတာက လေးနာရီမှ... အခုက ၁နာရီခွဲဆိုတော့ ၂နာရီခွဲတောင် အချိန်ရသေးတာပဲ... ငါဘာလုပ်ရင်ကောင်းမလဲ..."
ထနှောင်းတစ်ယောက် အိပ်ရာထက်တွင် လူးလိမ့်ကာ တစ်ယောက်ထဲ ရေရွတ်နေလေသည်။
"ငါ့မှာ ရွေးချယ်စရာ ၃ခုရှိတယ်... Seriesကြည့်မလား... Ficဖတ်မလား... စာရေးမလား..."
ထနှောင်းသည် နွေဦးထင်နေသလိုမျိုး ခပ်အေးအေးနေတတ်သော ထနှောင်းရိပ်မဟုတ်တော့ပေ။ ကျောင်းတက်ပြီး ပြန်လာထဲက အထိမခံကြွေပန်းကန်လူစားဖြစ်လာတဲ့ ထနှောင်းရိပ်ပင်။ LGBT Supporterတစ်ယောက်လည်း ဖြစ်တဲ့အပြင် Fudanshi တစ်ယောက်လည်းဖြစ်သည်။ HthaHnaung01နာမည်ဖြင့် Wattpadမှာ စာရေးနေသူတစ်ဦးလည်း ဖြစ်နေလေ၏။ လူသိများသော စာရေးသူတော့ မဟုတ်သေးပေ။
"တော်ပြီကွာ ဖတ်လက်စFicလေးပဲ ဖတ်တော့မယ်... Plotကမစီရသေးဘဲရေးလိုက်ရင် အရေးသားမကောင်းဘူး ပြောနေကြအုံးမှာ..."
နောက်ဆုံး ဆုံးဖြတ်ချက်အရ ဖတ်လက်စ Fictionကိုသာ ဖတ်လိုက်တော့သည်။ ဇာတ်လမ်းဖတ်ရင်း ဘယ်လောက်ဈန်ဝင်သွားတယ်မသိ ညနေ ၄နာရီပင် ထိုးလှနီးလှပြီ။
"သားရေ... ဒီကလေး အိပ်များအိပ်နေလားပဲ..."
အခန်းအပြင်မှ အမေ့ခေါ်သံကြားရမှ Ficနဲ့ အဆက်သွယ်ပြတ်သွားရတော့သည်။ ထိုအခါမှ နာရီကြည့်မိရာ ၄နာရီထိုးရန် ၅မိနစ်သာလိုတော့သည်။ အမေက သူအိပ်နေသည်အထင်နှင့် အခန်းထဲ ၀င်လာတော့မည်ကို သိနေသောကြောင့် ဖုန်းကို ဘေးတွင်အသာချကာ အိပ်ချင်ယောင်ဆောင်လိုက်ရသည်။
YOU ARE READING
စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]
Romantizm"နွေရာသီမှာ တွေ့တဲ့ နွေဦးဆည်းဆာကို ချစ်တယ်..." 💙ခွန်းသစ္စာပိုင်💙 "အချစ်ဆိုတာကို နားမလည်ပေမယ့် အကို့ကိုတော့ ချစ်မိနေပြီထင်တယ်..." 💙နွေဦးဆည်းဆာ💙 "ငါသာ သတ္တိရှိခဲ့မယ်ဆိုရင် မင်းအချစ်ကို ငါအရင်ရခဲ့မှာ... ခုတော့ ဒုတိယလူအဖြစ် ကျန်ရစ်ခဲ့ပြီပဲ..." 💙...