စွယ်တော်ပင်အောက်က အချစ်သက်သေ
Part 18
(A/N:: ဤဇာတ်လမ်းတွင်ပါ၀င်သော ဇာတ်လမ်း၊ဇာတ်ကွက်များမှာ စာရေးသူ၏ အတွေးပုံရိပ်သာဖြစ်သည်။ အကြောင်းအရာတစ်ခုခု တူညီခဲ့ပါက တိုက်ဆိုင်မှုမျှသာဖြစ်သည်။ ဤဇာတ်လမ်း၏ဇာတ်ကွက်များနှင့် အခြားဇာတ်လမ်းမှဇာတ်ကွက်များ တူညီမှုရှိခဲ့လျှင် စာရေးသူကို လာပြောပြနိုင်ပါသည်။)
"သားနွေ..."
"ဒေါ်လေး..."
သူကြီးအိမ်မှပြန်လာသော နွေဦးကို ဒေါ်လေးက အိမ်ပေါက်မှ စောင့်မျှော်နေခဲ့သည်။
"စိတ်ပူလိုက်ရတာ သားရယ်... သား ထိခိုက်မိတာတွေရှိသေးလား..."
"မရွိပါဘူး ဒေါ်လေးရယ်... သားကြောင့် ဒေါ်လေးစိတ်ဆင်းရဲရပြီ..."
မျက်နှာငယ်လေးနှင့်ပြောလာသော နွေဦးကိုကြည့်ပြီး ဒေါ်လေးမှာ စိတ်မကောင်းဖြစ်ရသည်။
"သားရယ်... ကိစ္စတိုင်းက သူ့အကြောင်းကြောင့် ဖြစ်လာရတာပါ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့ကွယ်..."
"အဟင့်..."
အသည်းငယ်တတ်သော နွေဦးလေးပါ။ အခုလည်း ဒေါ်လေးရင်ခွင်ထဲ ခေါင်းအပ်ကာ တရံှု့ရံှု့ငိုနေလေပြီ။ ဒေါ်လေးမှာလည်း မျက်ရည်များရစ်သိုင်းနေသော်လည်း မျက်ရည်မကျမိအောင် ထိန်းထားခဲ့သည်။
"ကဲ ကြည့်ပါအုံး... ဒေါ်လေးသားလေးက တရံှု့ရံှု့ငိုနေတော့ သားစာသင်မယ့် ကလေးတွေမြင်ရင် ဘယ္လိုလုပ္မလဲ... ဆရာလေးနွေဦးက ငိုနေတာဆိုပြီး ပြောကြမှာပေါ့... တိတ်တော့နော်..."
"ဟုတ်..."
မျက်ရည်များကို အကျႌလက်ဖြင့် သုတ်လိုက်ပြီး ဒေါ်လေးကို ပြုံးပြနေသည်။ နွေဦး၏ အငိုမျက်လုံး အပြုံးမျက်နှာလေးမှာ ကြည်လင်နေပြီး ချစ်စဖွယ်အတိဖြစ်၏။ တစ်ဦးထဲသော သွေးသားရင်းလေးမို့ ဒေါ်လေးဖြစ်သူမှာ အချစ်ပိုရသည်။ မဟုတ်မခံချင်စိတ်ရှိပြီး ရွာအတွက်အမြဲစဉ်းစားတတ်တဲ့ ကလေးငယ်လေးကို ဘယ်သူကမချစ်ဘဲနေမည်နည်း။
"မသူရေ... မသူရှိလားဟေ့..."
အိမ်ရှေ့မှ ခေါ်သံကြောင့် နွေဦးတို့တူရီးနှစ်ယောက်လုံး ထွက်ကြည့်ခဲ့ကြသည်။
YOU ARE READING
စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]
Romantik"နွေရာသီမှာ တွေ့တဲ့ နွေဦးဆည်းဆာကို ချစ်တယ်..." 💙ခွန်းသစ္စာပိုင်💙 "အချစ်ဆိုတာကို နားမလည်ပေမယ့် အကို့ကိုတော့ ချစ်မိနေပြီထင်တယ်..." 💙နွေဦးဆည်းဆာ💙 "ငါသာ သတ္တိရှိခဲ့မယ်ဆိုရင် မင်းအချစ်ကို ငါအရင်ရခဲ့မှာ... ခုတော့ ဒုတိယလူအဖြစ် ကျန်ရစ်ခဲ့ပြီပဲ..." 💙...