စွယ်တော်ပင်အောက်က အချစ်သက်သေ
Part 3
မနက်ခင်းရောင်နီသန်းချိန်လောက်တွင် ခွန်းတစ်ယောက် နိုးလာခဲ့သည်။ ဖုန်းဖွင့်ကြည့်မိရာ အချိန်အားဖြင့် ၄နာရီခန့်...
ရွာဦးဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံကြားရလေပြီ။ ဘေးအခန်းတွင်အိပ်ပျော်နေသော မြတ်ဘုန်းမှာ ဟောက်သံပင် ပေါ်နေသေးသည်။ ကျွန်တော်တို့သုံးယောက်ကို တစ်ယောက်တစ်ခန်းပေးသောကြောင့် ကျွန်တော်တစ်ယောက်ထဲအိပ်ရခြင်းဖြစ်သည်။ တရေးနိုးသော်လည်း ပြန်အိပ်ချင်စိတ်မရှိ။ အရင်က ခုချိန်နိုးခဲ့လျှင် ပြန်အိပ်တတ်သော်လည်း ဒီနေ့တွင်တော့ အိပ်ချင်စိတ်များပျောက်ရှကာ လန်းဆန်းနေတော့သည်။
အင်တာနက်သုံးရင် ကောင်းမလား တွေးနေစဉ်တွင် အိမ်အောက်ထပ်မှ တရှပ်ရှပ် အသံထွက်လာသောကြောင့် ကျွန်တော် သိချင်စိတ်ဖြစ်သွားခဲ့သည်။ ထို့ကြောင့် အောက်ထပ်ကို အရဲကိုး၍ ဆင်းကြည့်ခဲ့သည်။ စွယ်တော်ရိပ်ရွာလေးမှာ မီးမရသေးသောကြောင့် ဆိုလာမီးကိုသာ အားထားရသည်။ ဆိုလာမီးအလင်းရောင်သည် မွိန္ပ်ပ်သာ ရှိသောကြောင့် ဖုန်းမီးဖွင့်ကာ ဆင်းသွားခဲ့သည်။
"အမေလး!"
ခွန်းတစ်ယောက် လှေကားအဆင်းတွင် ရုတ်တရတ်ပေါ်လာသော ဖြိုးေ၀၏ တီလေးကြောင့် နှစ်ယောက်သား လန့်၍ အော်လိုက်မိသည်။
"သြော်... သားကို... တီလေးက ဘယ်သူများလဲလို့..."
"ဟုတ် တီလေး... အစောကြီး တီလေး ဘာထလုပ်နေတာလဲ..."
"ဆွမ်းလောင်းဖို့ ဆွမ်းထချက်ရတာပေါ့ သားရဲ့... ပြီးတော့ လယ်ထဲက လူတွေပို့ဖို့လည်း ချက်ရသေးတယ်လေ..."
"သြော်... နေတိုင်း အစောကြီး ထရတာလား..."
"ဒါပေါ့သားရဲ့... တီလေးတို့အတွက်တော့ မစောပါဘူးကွယ်... ဒါနဲ့ သားက ဘာလို့အစောကြီး ထတာလဲ... သားအိပ်ချင်ပြန်အိပ်ဦးလေ..."
"အောက်ထပ်က အသံတွေကြားလို့ ထကြည့်တာ တီလေး..."
"အေးပါ... ပြန်တက်တော့လေ... တီလေးလည်း ချက်တာပြုတ်တာ လုပ်ရအုံးမယ်..."
YOU ARE READING
စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]
Romance"နွေရာသီမှာ တွေ့တဲ့ နွေဦးဆည်းဆာကို ချစ်တယ်..." 💙ခွန်းသစ္စာပိုင်💙 "အချစ်ဆိုတာကို နားမလည်ပေမယ့် အကို့ကိုတော့ ချစ်မိနေပြီထင်တယ်..." 💙နွေဦးဆည်းဆာ💙 "ငါသာ သတ္တိရှိခဲ့မယ်ဆိုရင် မင်းအချစ်ကို ငါအရင်ရခဲ့မှာ... ခုတော့ ဒုတိယလူအဖြစ် ကျန်ရစ်ခဲ့ပြီပဲ..." 💙...