Part 13 (Uni)

533 42 14
                                    


စွယ်တော်ပင်အောက်က အချစ်သက်သေ

Part 13

(A/N:: ဤဇာတ်လမ်းတွင်ပါ၀င်သော ဇာတ်လမ်း၊ဇာတ်ကွက်များမှာ စာရေးသူ၏ အတွေးပုံရိပ်သာဖြစ်သည်။ အကြောင်းအရာတစ်ခုခု တူညီခဲ့ပါက တိုက်ဆိုင်မှုမျှသာဖြစ်သည်။ ဤဇာတ်လမ်း၏ဇာတ်ကွက်များနှင့် အခြားဇာတ်လမ်းမှဇာတ်ကွက်များ တူညီမှုရှိခဲ့လျှင် စာရေးသူကို လာပြောပြနိုင်ပါသည်။)

အချိန်အားဖြင့် ည၁၁နာရီကျော်ကျော်ရှိနေလေပြီ။ အခန်းငယ်လေးတစ်ခုတွင် ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေသော ကောင်လေးတစ်ယောက်ရှိနေသည်။ ထိုကောင်လေးမှာ ဖုန်းကို လက်ဖြင့် တတောက်တောက်ခေါက်လျက် ရှိနေလေသည်။ ထိုကောင်လေးမှာ အခြားသူမဟုတ်။ စာရေးသူပေါက်စ ထနှောင်းရိပ်ပင်။ ယခုညတွင် အပိုင်းသစ် တင်ရန်ရှိသဖြင့် ပြီးအောင်ရေးနေသောကြောင့် ၁၁ထိုးသွားသည်ကိုပင် မသိလိုက်ပေ။

"ဟမ်! ၁၁တောင်ထိုးပါရောလား... ငါအချိန်တော်တော်ယူလိုက်ရတာပဲ... ရေးရကျိုးနပ်အောင် များများဖတ်ကြရင် သိပ်ကောင်းမှာပဲ... ဟူးးးးး"

ထနှောင်းလည်း လေပြင်းတစ်ချက်မှုတ်ထုတ်ရင်း ရေးလက်စဇာတ်လမ်းကို လက္စသတ္ကာ တင်လိုက်သည်။ တစ်နေ့တာလုပ်ငန်းစဉ်ပြီးပြီမို့ ထနှောင်း အိပ်ရန်ပြင်လိုက်သည်။ သို့သော်လည်း ဖတ်စရာလက်ကျန်လေးတွေ ရှိနေသောကြောင့် သူအိပ်လို့မဖြစ်သေး။ ကြည့်လက်စ seriesလည်းရှိနေသေး၏။

'ကတောင်'

ထနှောင်းစာဖတ်ရန် wattpadထဲ၀င်ချိန်တွင် messenger မွ notiတက်လာသောကြောင့် messengerထဲကို သွားကြည့်လိုက်သည်။

'ဟယ္လို သာသာရေ မအိပ္ဘူးလား??'

ထနှောင်းတစ်ချက်ပြုံးလိုက်မိသည်။ သူရေးသမျှစာတိုင်းကို မငြီးမငြူဖတ်ပေးရှာသော တစ်ဦးထဲသော ပင်တိုင်စာဖတ်သူလေးတစ်ယောက် စကားလာပြောသည်မို့ ထနှောင်း စာပြန်ရတော့မည်။ စာမပြန်လျှင် စိတ်ကောက်တတ်သူလေးမို့ မပြန်လို့မရ။

'မအိပ်သေးပါဘူးဗျာ...'

'ဘာတွေလုပ်...'

'Ficအပြီးသတ်နေတာလေကွာ...'

စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]Where stories live. Discover now