Part 35
(A/N:: ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်များမှာ စာရေးသူ၏ အတွေးပုံရိပ်သာဖြစ်သည်။ အကြောင်းအရာတစ်ခုခု တူညီခဲ့ပါက တိုက်ဆိုင်မှုမျှသာဖြစ်သည်။ ဤဇာတ်လမ်း၏ဇာတ်ကွက်များနှင့် အခြားဇာတ်လမ်းမှဇာတ်ကွက်များ တူညီမှုရှိခဲ့လျှင် စာရေးသူကို လာပြောပြနိုင်ပါသည်။)
"ဘုန်းလေး "
"ဖြိုးဝေ တည်တည်တံ့တံ့နေစမ်းပါ "
"ချစ်လို့ကိုမနေနိုင်နေတာ..."
"မင်းနော်... ဘေးလူတွေကို နည်းနည်းပါးပါး ကြည့်အုံး...မြင်သွားရင် ရှက်စရာကြီး "
"ဘယ်သူမှမရှိပါဘူး အချစ်ကလည်း ကိုယ်သေချာကြည့်ပြီးပါပြီ "
"ဘာကို အချစ်လဲ... အရှက်ကိုမရှိဘူး "
"အမေမွေးထဲက ချက်ကြောနဲ့ ရှက်ကြော မှားဖြတ်ထားတာလေ မောင်က မရှက်တတ်ဘူး..."
"ပြောလေကဲလေပါလား... ဟိုရှေ့မှာ စောင့်နေတဲ့ သူတွေအားနာစရာကြီး "
"သြော် အချစ်ရယ်... သူ့တို့ဘာသာသွားပါစေ... ကိုယ်တို့နှစ်ယောက် နေခဲ့မယ်လေ..."
"ဘာလို့လဲ အားနာစရာကြီး "
"ဘာမှ အားနာစရာမလိုပါဘူး... ကိုကြီးက ငါနဲ့အရမ်းခင်တာ... သူပြောတယ်မလား ညီလေးတို့ မလိုက်တော့ရင်လည်း ရတယ်တဲ့လေ၊ အဲ့ဒါကြောင့် သွားနှင့်ပြီ "
"အဲ့ဒါနဲ့ မလိုက်ဘဲ နေတော့မလို့လား "
"အင်းလေ..."
"အဲ့ဒါဆို ဘာလုပ်မှာလဲ အိမ်ပြန်မှာလား "
"အချစ်နဲ့ ဒိတ်မယ်လေ "
"ဘာကို ဒိတ်မှာလဲ.... အိမ်ပြန်ပြီး ဆွမ်းချက်တာဝိုင်းကူရမယ်လေ..."
"အိမ်မှာက ကူမယ့်သူအများကြီးရယ်... မောင်တို့သွားလည်း လူရှုပ်ရုံပဲကို "
"တ မောင်မောင်နဲ့ ဘာဖြစ်နေတာလဲ "
"ချစ်နေတာလေ အချစ်ရဲ့... "
"ဘာပဲဖြစ်ဖြစ်လေ... ငါတို့ကူရင် ငါတို့ ကုသိုလ်ရမယ့်ဟာကို မင်းမလုပ်ချင်လို့ တမင်ဉာဏ်ဆင်တာမလား "
YOU ARE READING
စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]
Romantizm"နွေရာသီမှာ တွေ့တဲ့ နွေဦးဆည်းဆာကို ချစ်တယ်..." 💙ခွန်းသစ္စာပိုင်💙 "အချစ်ဆိုတာကို နားမလည်ပေမယ့် အကို့ကိုတော့ ချစ်မိနေပြီထင်တယ်..." 💙နွေဦးဆည်းဆာ💙 "ငါသာ သတ္တိရှိခဲ့မယ်ဆိုရင် မင်းအချစ်ကို ငါအရင်ရခဲ့မှာ... ခုတော့ ဒုတိယလူအဖြစ် ကျန်ရစ်ခဲ့ပြီပဲ..." 💙...