Part 29 (Uni)

397 34 33
                                    

စွယ်တော်ပင်အောက်က အချစ်သက်သေ

Part 29

(A/N:: ဤဇာတ်လမ်းတွင်ပါ၀င်သော ဇာတ်လမ်း၊ဇာတ်ကွက်များမှာ စာရေးသူ၏ အတွေးပုံရိပ်သာဖြစ်သည်။ အကြောင်းအရာတစ်ခုခု တူညီခဲ့ပါက တိုက်ဆိုင်မှုမျှသာဖြစ်သည်။ ဤဇာတ်လမ်း၏ဇာတ်ကွက်များနှင့် အခြားဇာတ်လမ်းမှဇာတ်ကွက်များ တူညီမှုရှိခဲ့လျှင် စာရေးသူကို လာပြောပြနိုင်ပါသည်။)

' မြူးကြွတဲ့ တေးသံ ပျံလွင့်လို့နေ ကူးပြောင်းစ တန်ခူးနွေမှာ တစ်ယောက်တစ်လှည့်မို့ လှမ်းလာ ဖြန်းပက်ကြစဉ် ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ '

သင်္ကြန်ချိန်ခါနီးပြီမို့ တစတစ ပျံလွင့်လာသော သင်္ကြန်သီချင်းသံများ၊ ယိမ်းအကတိုက်နေကြသော ရွာသူပျိုဖြူချော လေးများ၊ ရေပက်ရန်အတွက် အုန်းလက်မဏ္႑ပ်ထိုးနေကြသော ကေလးမ်ားမွာ ကိုယ္စီ အလုပ်ရှုပ်နေကြ လေသည်။ သင်္ကြန်မတိုင်ခင် ကားဂိတ်များမှ အော်ဒါများ လက်ခံရရှိထားသောကြောင့် အရီးမြိုင်တို့ အကြော်ဖိုမှာ လူစည်နေလေပြီ။ အမျိုးတွေအပြင်၊ ရွာထဲမှ အလုပ်လိုနေသူများကိုပါ ခေါ်ယူရသည်အထိပင်။ ထနှောင်းတစ်ယောက်မှာလည်း ငြိမ်ငြိမ်ထိုင်နေ၍မရ၊ ဟိုနားပြေးကူ၊ ဒီနားပြေးကူလုပ်နေ ရသောကြောင့် နွေဦးတို့ဘက်ကိုတော့ မလှည့်ဖြစ်။ ၀တ်မှုန်မှာလည်း အိမ်တွင် လာကူနေရသောကြောင့် နှစ်ယောက်သား ထိုင်ပင်မထိုင်ရပေ။

"ထနှောင်းရေ ထနှောင်း "

"ဟေ... လာပြီဟ "

အိမ်ထဲတွင် အာလူးသင်နေစဉ် အိမ်ရှေ့မှ ခေါ်သံကြား၍ ထွက်လာခဲ့လိုက်သည်။ လက်ထဲက အာလူးကို မခ်မိခဲ့။

"နွေဦး အထဲ လာလေကွာ "

"အေးအေး မင်း အာလူးသင်နေရင်း တန်းလန်းကြီး ထြက္လာတာလား "

"အေးလေ မင်းဘယ်လိုသိတာလဲ "

"မင်းလက်ထဲမှာ အာလူးသီးကြီး "

"အဲ ဟုတ္သား ခ်မထားမိခဲ့ဘူး လာလာ... အထဲလာခဲ့ ငါမအားဘူးဟ "

"အေးပါကွာ ငါလည်း ကူဖို့ လာတာပါ "

"အေး လာ... "

"ငါ့ကိုရော မခေါ်တော့ဘူးလား "

လေပြည်က ပြုံးဖြီးဖြီး မျက်နှာဘေးဖြင့် မေးလိုက်သည်။ နွေဦးကိုသာမြင်ပြီး အနောက်ကိုမကြည့်မိခဲ့၍ လေပြည့်ကို ထနှောင်းမမြင်ခဲ့ခြင်းဖြစ်သည်။

စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]Where stories live. Discover now