Part 30 (Zawgyi)

131 5 0
                                    


Part 30

(A/N:: ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်များမှာ စာရေးသူ၏ အတွေးပုံရိပ်သာဖြစ်သည်။ အကြောင်းအရာတစ်ခုခု တူညီခဲ့ပါက တိုက်ဆိုင်မှုမျှသာဖြစ်သည်။ ဤဇာတ်လမ်း၏ဇာတ်ကွက်များနှင့် အခြားဇာတ်လမ်းမှဇာတ်ကွက်များ တူညီမှုရှိခဲ့လျှင် စာရေးသူကို လာပြောပြနိုင်ပါသည်။)

ညနေ ၄နာရီတိတိရှိနေပြီဖြစ်တာကြောင့် နေရောင်ခြည် တအားမပြင်းတော့ပေ။ ရေချိုးကာ ကိုယ်လက်သန့်စင်ပြီးသည်နှင့် နောက်ကျိနေသောစိတ် အနည်းငယ်လန်းသွားခဲ့လေပြီ။ ထွေထွေထူးထူး ပြင်ဆင်နေစရာမလိုသောကြောင့် ပေါ့ပေါ့ပါးပါး တီရှပ်နှင့် ပုဆိုးကိုသာ ကောက်စွတ်လိုက်သည်။ တဖက်အခန်းထဲတွင် ချစ်ကြည်နူးတစ်တီတူးနေကြသောနှစ်ယောက်ကိုတော့ နားကြားပြင်းကပ်၍ လျစ်လျူရှုထားခဲ့သည်။ ချိန်းထားသူမှာ ချစ်ရသူမဟုတ်သော်ငြားလည်း ချစ်ရသူ၏ သူငယ်ချင်းဖြစ်နေတာကြောင့် အလေးထားရမည်။ အချိန်မလေးစားဘူးဟု အဆိုမခံနိုင်သောကြောင့် ချိန်းထားသည့်အချိန်ထက် ၁၅မိနစ်လောက် ကြိုသွားရမည်။

မန်ကျည်းတန်းမှာ အိမ်နှင့်သိပ်မဝေးတာကြောင့် လမ်းလျှောက်သွားရင်ရသည်။ အိမ်အောက်ထပ်တွင် ထိုင်နေသော ဦးလေးကို အကျိုးအကြောင်းပြော၍ ထွက်လာခဲ့လေပြီ။ အပေါ်ထပ်က နှစ်ကောင်ကိုတော့ ပြောရန် မလိုတော့ပေ။ သီချင်းလေး တငြီးငြီးဖြင့် မန်ကျည်းပင်တန်းတွေဆီသို့ ထွက်လာခဲ့လိုက်သည်။

' နေညိုချိန် တိမ်တောက်တဲ့အခါ ရွာလမ်းနံဘေးမှာ××× စာဥတို့ သူငယ်ချင်းမတွေ ရေခပ်ဆင်းလို့လာ××× '

လမ်းတွင် သီချင်းများ ဟစ်အော်၍အလုပ်သိမ်းလာသော လူများကိုလည်း တွေ့ရသည်။ ရွာ၏ လုံမပျို တသိုက်မှာလည်း နေစောင်းချိန်ထိ မစောင့်ဘဲ အလုပ်သိမ်းလာကြပုံပင်။ နေ၀င်ခါနီး ဆည်းဆာအလှဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ ထို့အတူ နွေဦးဆည်းဆာသည်လည်း သူ့အတွက် မည်သည့်အရာနှင့်မှ မလဲနိုင်သည့်လူတစ်ယောက်ပင်။ အကယ်၍ သူ့အချစ်ကိုသာ ပိုင်ဆိုင်နိုင်ခဲ့ပါက တန်ဖိုးထားပေးမည်။ လိုအပ်တာ မှန်သမျှ ဖြည့်စည်းပေးမည်။ အရာအားလုံးထက်ကို ပိုချစ်ပေးမည်။ မိမိဖြစ်တည်မှုကို မိဘများကို အသိပေး၍ ချစ်သူလေးနှင့် မိတ်ဆက်ပေးမည်။ အတွေးထဲမှာ ခွန်းတစ်ယောက် အတော်လေး ပျော်နေခဲ့လေသည်။

စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]Where stories live. Discover now