စွယ်တော်ပင်အောက်က အချစ်သက်သေ
Part 15
(A/N:: ဤဇာတ်လမ်းတွင်ပါ၀င်သော ဇာတ်လမ်း၊ဇာတ်ကွက်များမှာ စာရေးသူ၏ အတွေးပုံရိပ်သာဖြစ်သည်။ အကြောင်းအရာတစ်ခုခု တူညီခဲ့ပါက တိုက်ဆိုင်မှုမျှသာဖြစ်သည်။ ဤဇာတ်လမ်း၏ဇာတ်ကွက်များနှင့် အခြားဇာတ်လမ်းမှဇာတ်ကွက်များ တူညီမှုရှိခဲ့လျှင် စာရေးသူကို လာပြောပြနိုင်ပါသည်။)
"ဟိတ်ကောင်တွေ ရှေ့မှာ အခြောက်ကောင်တွေပဲကွ ဟား ဟား ဟား!!!!"
အနောက်ဘက်မှ ထွက်ပေါ်လာသော အသံကြောင့် ကျွန်တော်တို့ ခြေလှမ်းများရပ်တန့်သွားခဲ့သည်။ ထိုအသံပိုင်ရှင်မှာ အျခားသူ မဟုတ်။ အရင်တစ်ခေါက်က အုတ်ခဲနဲ့ အထုခံခဲ့ရသူပင်။
"ဘယ်သူများလဲလို့ မျိုးကျော်ကျော် မင်းကို..."
"အဟက်... ဟုတ်တယ် ငါပဲ... ေ-ာက်ခြောက်တွေ..."
"ခေါင်းက အမာရွတ်က သေးနေသေးတယ်ထင်တယ်နော်..."
"မင်း!!"
"အဟက် ဘာလဲ... နာသြားတာလား... ငါတို့လမ်းငါတို့အေးဆေးသွားနေတာနော်... မင်းတို့ လစ္လိုက္တာ ပိုကောင်းမယ်..."
"မင်းတို့နဲ့ မကျေပွဲနွှဲချင်လို့ကို တမင်စောင့်နေတာ..."
"အဟက်... မကျေနပ်လဲသေလေ မင်းတို့သုံးယောက်ကို ကြောက်မယ်ထင်နေလား?? "
"ကြာတယ်ကွာ... ရိုက်သတ်ပစ်ကြသူတို့ကို..."
ပြောပြောဆိုဆိုနှင့် ဟိုဘက်မှသုံးယောက်က ကျွန်တော်တို့ကို စတင်တိုက်ခိုက်လေသည်။ ကျွန်တော်တို့မှာလည်း ရုတ်တရတ်ဆန်သော အပြုမူကြောင့် အနည်းငယ်ထိခိုက်မိသွားခဲ့ရသည်။ သို့သော်လည်း သူတပြန်ကိုယ်တပြန် ပြန်ချရာ တဖက်မှာ အထိနာသွားရသည်။ ကျွန်တော် သူတို့ထဲကတစ်ယောက်နှင့် နပန်းလုံးနေရစဉ် ထနှောင်းကတော့ နှစ်ယောက်တစ်ယောက်မို့ အလူးလဲ ခံနေရသည်။ သူ့ကို သွားကူချင်သော်လည်း ကိုယ့်မှာလည်း မနိုင့်တနိုင်။
"ခွေးကောင် သေစမ်းကွာ..."
"အာ့..."
ထနှောင်း၏ လက္တစ္ဖက္ကို တစ်ယောက်ကချုပ်ထား၍ နောက်တစ်ယောက်မှာ ၀မ်းဗိုက်ကို ဒူးဖြင့် တိုက်သောကြောင့် ထနှောင်းမှာ မသက္သာလွ။
YOU ARE READING
စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]
Romantizm"နွေရာသီမှာ တွေ့တဲ့ နွေဦးဆည်းဆာကို ချစ်တယ်..." 💙ခွန်းသစ္စာပိုင်💙 "အချစ်ဆိုတာကို နားမလည်ပေမယ့် အကို့ကိုတော့ ချစ်မိနေပြီထင်တယ်..." 💙နွေဦးဆည်းဆာ💙 "ငါသာ သတ္တိရှိခဲ့မယ်ဆိုရင် မင်းအချစ်ကို ငါအရင်ရခဲ့မှာ... ခုတော့ ဒုတိယလူအဖြစ် ကျန်ရစ်ခဲ့ပြီပဲ..." 💙...