Part 11 (Zawgyi)

228 4 0
                                    


Part 11

(A/N:: ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်များမှာ စာရေးသူ၏ အတွေးပုံရိပ်သာဖြစ်သည်။ အကြောင်းအရာတစ်ခုခု တူညီခဲ့ပါက တိုက်ဆိုင်မှုမျှသာဖြစ်သည်။ ဤဇာတ်လမ်း၏ဇာတ်ကွက်များနှင့် အခြားဇာတ်လမ်းမှဇာတ်ကွက်များ တူညီမှုရှိခဲ့လျှင် စာရေးသူကို လာပြောပြနိုင်ပါသည်။)

ညနေလေးနာရီရှိပြီဖြစ်သော်လည်း နေမ၀င်သေးသည်မို့ အလင်းရောင်ကောင်းကောင်းရနေသေး၏။ စက်ဘီးနောက်ခုံတွင် မလှုပ်မယှက်လိုက်ပါသော ကောင်ငယ်လေး အသက်ပင်ရှူရဲ့လားမသိ။ ရွာလမ်းက မညီမညာဖြစ်နေသည်မို့ တချက်တချက် ချိုင့်ထဲကျလျှင် ခုန်သွားသောလည်း နောက်က အကောင်ပေါက် လေးကတော့ နည်းနည်းမှ တွန့်မသွားခဲ့။ ဘာတွေစဉ်းစားခန်းဖွင့်နေသည်ကို ခွန်းသစ် သိချင်လာမိသည်။

"အဟမ်း..."

ကိုယ်ချောင်းဟန့်လိုက်မှ သိမ့်ကနဲတုန်သွားသော ခန္ဓာကိုယ်လေး။ ထိုအခါမှသာ သူ့အတွေးကမ္ဘာထဲက ထွက်လာသည့်ပုံရသည်။

"ဟို ကိုယ် ဘယ်လမ်းက နင်းရမှာလဲ..."

"ဟင်... "

"စွယ်တော်တန်းဘက် ကိုယ်မှ မရောက်ဖူးသေးတာ... အဲ့ဒါ ဘယ်ဘက်ကို နင်းရမှာလဲလို့..."

"ဟို... ရှေ့နားရောက်ရင် ဘယ်ဘက်ချိုးလိုက်ရင်ရပြီ..."

"ဟုတ်ပြီ ဟုတ်ပြီ..."

ကိုယ်မေးတာပြန်ဖြေလို့တော်သေးသည်။ မဟုတ်ရင် ဘယ်ကို နင်းလို့နင်းရမှန်းမသိ။ မကြာခင် နင်းရင်းနဲ့ တစ်ဖက်ရွာတောင် ရောက်တော့မည်။ လမ်းမသိဘဲ ရမ်းနင်းနေမိတာ ကျော်မသွားသေးလို့ တော်သေးလှ၏။

နွေဦးပြောသည့်အတိုင်း လမ်းဆုံမှ ဘယ်ဘက်ချိုးဝင်လိုက်သည့်အခါ အရိပ်ကောင်းသော အပင်များ ဘေးတစ်ဖက်စီတွင် တန်းစီပေါက်ရောက်နေသော လမ်းကလေးကို တွေ့လိုက်ရသည်။ ထိုလမ်းလေးကတော့ စွယ်တော်တန်းဖြစ်ပုံရသည်။

"ညီ... ရောက်ပြီမလား ဆင်းတော့လေ..."

စက်ဘီးရပ်သွားတာတောင် မဆင်းဘဲ ထိုင်နေသောကောင်လေး။ တစ်ခုခုကို အတွေးလွန်နေပုံရသည်။ ဘာကို အဲ့ဒီလောက်စဉ်းစားနေတယ်မသိ။ တခါတလေ သူ့အတွေးထဲကိုယ်ရောက်သွားပြီး ဘာတွေးနေလဲ သိချင်မိသည်။

စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]Where stories live. Discover now