Part 32 (Zawgyi)

201 7 2
                                    


Part 32

(A/N:: ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်များမှာ စာရေးသူ၏ အတွေးပုံရိပ်သာဖြစ်သည်။ အကြောင်းအရာတစ်ခုခု တူညီခဲ့ပါက တိုက်ဆိုင်မှုမျှသာဖြစ်သည်။ ဤဇာတ်လမ်း၏ဇာတ်ကွက်များနှင့် အခြားဇာတ်လမ်းမှဇာတ်ကွက်များ တူညီမှုရှိခဲ့လျှင် စာရေးသူကို လာပြောပြနိုင်ပါသည်။)

မြို့ဦးအောင်စေတီတော်သို့ ရောက်ရှိချိန်တွင် မနက် ၇နာရီခွဲကျော်မျှသာ ရှိသေးသည်။ အ၀င်ဝတွင် ခန့်ညားသော မုခ်ဦးကြီးကို စီးကြိုလျက်ရှိသည်။ မနက်ခင်းပဲရှိသေးသည်မို့ လူများ စည်ကားမနေသေးပေ။ ပန်းရောင်းသူတစ်ချို့ကိုသာ တွေ့ရသည်။ ကားစက်ရပ်လိုက်သည်နှင့် စေတီမှ ဆည်းလည်းသံ တချွင်ချွင်ကို စတင်ကြားလာရပြီ။ မနက်ခင်း လေပြည်နုနုမှာ မျက်နှာသို့ ခပ်ဖွဖွ လာရောက်တိုးဝေ့လေတော့ အေးမြသော လေကို တ၀ကြီးရှူရှိုက်လိုက်သည်။ ခွန်းသစ်မှာ ကင်မရာကို ကိုင်၍ ဓာတ်ပုံကောင်းကောင်း ရိုက်ရန်အတွက် ရှုခင်းကောင်းတွေကို မျက်စိဝေ့၀ိုက်ပြီး လိုက်ကြည့်မိသည်။ ထိုစဉ် ကားပေါ်မှ ဆင်းလာသော မြတ်ဘုန်းနှင့် လေပြည်တို့နှစ်ယောက် ခွန်းသစ်ဆီသို့ ရောက်လာခဲ့သည်။

"ခွန်းသစ်... မင်း ဓာတ်ပုံရိုက်ဖို့ နေခဲ့ဦးမလား "

"အင်း သွားနှင့်ကြလေ ရှုခင်းကောင်းတွေက ငါ့ကို ဖမ်းစားနေတော့ ခဏလောက်တော့ ရိုက်လိုက်ဦးမယ်။ ခဏနေမှ ကားမှာ ပြန်စုံမယ် "

"အေးအေး အဝေးကြီးတော့ လျှောက်သွားမနေနဲ့နော်... အရေးကြောင်းဆို ငါတို့ဆီ ဖုန်းဆက် "

"အေးပါကွာ။ အဲ့လောက်မှာနေရအောင် ငါက ကလေးလည်း မဟုတ်ဘူး။သွားစရာရှိတာ အေးဆေးသွား "

အချစ်ငှက်နှစ်ကောင်နှင့် အတူသွားလျှင် နားငြီးမည် စိုးသောကြောင့် တစ်ယောက်ထဲ နေခဲ့ဖို့ ပြင်လိုက်သည်။ ကားလမ်းနံဘေးတွင်ရှိသောကြောင့် အ၀င်ဝမှ ဓာတ်ပုံရိုက်ရင် ပို၍ သပ္ပာယ်ဖွယ်ရှိသည်။ သို့သော်လည်း ကားပြန်လှည့်သည့်အခါမှသာ ရိုက်ရမည်။ ယခုအချိန် ကားလမ်းကျော်၍ ဓာတ်ပုံရိုက်ဖို့ မဖြစ်နိုင်။

စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]Where stories live. Discover now