စွယ်တော်ပင်အောက်က အချစ်သက်သေ
Part 28
(A/N:: ဤဇာတ်လမ်းတွင်ပါ၀င်သော ဇာတ်လမ်း၊ဇာတ်ကွက်များမှာ စာရေးသူ၏ အတွေးပုံရိပ်သာဖြစ်သည်။ အကြောင်းအရာတစ်ခုခု တူညီခဲ့ပါက တိုက်ဆိုင်မှုမျှသာဖြစ်သည်။ ဤဇာတ်လမ်း၏ဇာတ်ကွက်များနှင့် အခြားဇာတ်လမ်းမှဇာတ်ကွက်များ တူညီမှုရှိခဲ့လျှင် စာရေးသူကို လာပြောပြနိုင်ပါသည်။)
ငြိမ်သက်နေသော ပတ်၀န်းကျင်တွင် အပင်ပေါ်မှ ငွက္သံမ်ားက လြဲ၍ မည်သည့်အသံမှ မရှိသည်အထိ တိတ်ဆိတ်လွန်းနေသည်။ ကိုယ်ပိုင် အတွေးကိုယ်စီရှိနေသောကြောင့် တစ်ချက်တစ်ချက် သက်ပြင်းချသံမှလွဲ၍ တစ်ဦးတစ်ယောက်ကမှ စကားသံထွက် လာခြင်းမရှိ။
ရင်ထဲသို၀ှက်ထားသော စကားမ်ားကို ဖွင့်ဟပြီးသည့်နောက်တွင် မည်သည့်စကားမှ မဆိုနိုင်ဖြစ်နေခဲ့သည်။ အလွန်ခုန်နေသော ရင်ကို ဖိကာ တဖက်မှ ထွက်လာမည့် စကားသံကို နားစွင့်နေမိသည်။ ဘာစကားသံမှထွက်မလာသောကြောင့် အနည်းငယ် ခိုးကြည့်လိုက်မိသည်။ ညီက ငြိမ်ချက်သားကောင်းနေသည်။ မည်သည့်စကားမှ မဆိုသလို၊ အသက်ပင်ရှူရဲ့လားမသိ။ ပန်းနုရောင်နှုတ်ခမ်းဖူးလေးမှ ထွက်လာမည့် စကားမ်ားက သူ့အတွက် ပျော်ရွှင်စေမည်လား သို့မဟုတ် နားမထောင်ချင်သော စကားများဖြစ်နေလေမလား။ တွေးရင်း တွေးရင်း ရင်မောနေရသည်။
"ကိုခွန်းသစ္စာပိုင် "
"ဟင် "
"အစ်ကိုပြောလိုက်တဲ့စကားကို အစ္ကို တာ၀န်ယူနိုင်ပါ့မလား "
"ကိုယ် သေချာ စဉ်းစားဆုံးဖြတ်ပြီးမှ ပြောခဲ့တဲ့ စကားမလို့ ကိုယ် တာ၀န်ယူပါတယ် "
"ဒီကိစ္စက သာမန် ကိစ္စမဟုတ်ဘူးနော် ကိုခွန်း... မြို့ပေါ်မှာက ဒါမျိုးတွေက သာမန်လိုဖြစ်နေပေမယ့် ကျွန်တော်တို့ နယ်မှာ ဒီလိုကိစ္စက လက်ခံတဲ့သူထက် ၀ိုင်းကဲ့ရဲ့မယ့်လူပိုများတယ်နော် "
"အင်း ကိုယ် သိပါတယ် "
"ဒါပေမဲ့ အင်း... ကျွန်တော့်ကို စဉ်းစားဖို့ အချိန်တစ်ခုပေးပါ "
"ကောင်းပါပြီ "
"..."
"ညီ... "
YOU ARE READING
စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]
Romance"နွေရာသီမှာ တွေ့တဲ့ နွေဦးဆည်းဆာကို ချစ်တယ်..." 💙ခွန်းသစ္စာပိုင်💙 "အချစ်ဆိုတာကို နားမလည်ပေမယ့် အကို့ကိုတော့ ချစ်မိနေပြီထင်တယ်..." 💙နွေဦးဆည်းဆာ💙 "ငါသာ သတ္တိရှိခဲ့မယ်ဆိုရင် မင်းအချစ်ကို ငါအရင်ရခဲ့မှာ... ခုတော့ ဒုတိယလူအဖြစ် ကျန်ရစ်ခဲ့ပြီပဲ..." 💙...