(A/N:: ဤဇာတ်လမ်းတွင်ပါ၀င်သော ဇာတ်လမ်း၊ဇာတ်ကွက်များမှာ စာရေးသူ၏ အတွေးပုံရိပ်သာဖြစ်သည်။ အကြောင်းအရာတစ်ခုခု တူညီခဲ့ပါက တိုက်ဆိုင်မှုမျှသာဖြစ်သည်။ ဤဇာတ်လမ်း၏ဇာတ်ကွက်များနှင့် အခြားဇာတ်လမ်းမှဇာတ်ကွက်များ တူညီမှုရှိခဲ့လျှင် စာရေးသူကို လာပြောပြနိုင်ပါသည်။)
စွယ်တော်ပင်အောက်က အချစ်သက်သေ
Part 7
ချသွားသော ဖုန်းလေးကို ပြုံးပြီးကြည့်နေခဲ့သော ကောင်လေးတစ်ယောက်။ ဘာပဲဖြစ်ဖြစ် သူဒီနေ့တော့ အသံလေး ကြားလိုက်ရပြီမလား။ လက္တစ္ဖက္က ဘယ်ဘက်ရင်ဘက်ပေါ်တင်လျှက် ခုန်နေသော နှလုံးသားလေးကို အားပေးနေသည်။
"တစ်ရက်လေးမတွေ့ရရင်ကို မနေနိုင်တဲ့လူဖြစ်နေပြီ Springရယ်... ဘယ်လိုပဲဖြစ်ဖြစ်ပါ အသံလေးကြားရရင် တနေ့လုံး ရင်မောနေခဲ့သမျှ ပြေပျောက်သွားပါပြီ... Good Night ပါ Spring..."
ထိုကောင်လေးက မည်သူနည်း။
အခြားသူတော့မဟုတ် နွေဦး၏ သူငယ်ချင်း လေပြည်ဦးပင်။
ထိုနေ့မနက်ခင်းအချိန်...
မနက်ခင်းနေရောင်ခြည် ပြတင်းပေါက်စီမှ အခန်းထဲသို့၀င်လာစဉ်တွင် လေပြည်တစ်ယောက် အိပ်ရာမှ ထခဲ့သည်။ နိုးနိုးချင်း ပထမဆုံးလုပ်တဲ့အလုပ်ကတော့ စားပွဲပေါ်တွင် တင်ထားသော ဖုန်းလေးကို သွားယူလိုက်ခြင်းပင်။ ဖုန်းScreenတွင် တင်ထားသော ပုံလေးကိုကြည့်ရင်း လေပြည်ပြုံးလိုက်မိသည်။
"ကိုယ့်ရဲ့ အားဆေးလေး... ဒီနေ့ကံကောင်းတဲ့နေ့ရက်လေးဖြစ်ပါစေ... အလုပ်တွေလည်း အဆင်ပြေပါစေနော်..."
လေပြည် screenပေါ်က ပုံလေးကိုကြည့်ပြီး ပြောနေခြင်းဖြစ်သည်။
မနက်ခင်းလုပ်နေကျဖြစ်သော Morning Exerciseလုပ်ပြီးသည်နှင့် ခဏအနားယူကာ ကိုယ်လက်သန့်စင် ရန် ရေချိုးခန်းအတွင်းသို့ ၀င်လိုက်တော့သည်။ ရေချိုးခြင်းအမှုပြီးသည်နှင့် ဗီရိုထဲမွ ပေါ့ပေါ့ပါးပါး ၀တ်စုံတစ်ခုကို ထုတ်ယူ ၀တ်ဆင်လိုက်သည်။ ရေချိုးပြီးခါဖြစ်နေသောကြောင့် နဖူးပေါ်တွင် ဆံပင်လေးများ ခပ်အုပ်အုပ်ကျဆင်း နေခဲ့သည်။ ခပ်အုပ်အုပ်ဖြစ်နေသော ဆံပင်များကို လက်ဖြင့် အနောက်သို့ သပ္ခ်ကာ ပုံသွင်းလိုက်သည်။ မနက်စာစားချိန်ရောက်ပြီမို့ အောက်ထပ်ကို ဆင်းသွားခဲ့သည်။
YOU ARE READING
စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]
Romansa"နွေရာသီမှာ တွေ့တဲ့ နွေဦးဆည်းဆာကို ချစ်တယ်..." 💙ခွန်းသစ္စာပိုင်💙 "အချစ်ဆိုတာကို နားမလည်ပေမယ့် အကို့ကိုတော့ ချစ်မိနေပြီထင်တယ်..." 💙နွေဦးဆည်းဆာ💙 "ငါသာ သတ္တိရှိခဲ့မယ်ဆိုရင် မင်းအချစ်ကို ငါအရင်ရခဲ့မှာ... ခုတော့ ဒုတိယလူအဖြစ် ကျန်ရစ်ခဲ့ပြီပဲ..." 💙...