Part 5 (Uni)

1K 70 6
                                    

စွယ်တော်ပင်အောက်က အချစ်သက်သေ

Part 5

"ဟင်... ကောင်လေး..."

ခွန်း ရှေ့တွင် ရပ်နေသော ကောင်လေးကိုမြင်လိုက်သည်နှင့် အလွန်စိတ်လှုပ်ရှားသွားခဲ့မိသည်။ သူ နှစ်ခါတိတိ ဓာတ်ပုံရိုက်ခဲ့မိသော ကောင်လေးမဟုတ်ပါလား။ ပထမတစ်ကြိမ်ဆုံလျှင် အမှတ်မထင်တွေ့တာဖြစ်ပြီး ဒုတိယအကြိမ်ဆုံပါက ရေစက်ပါလို့ တွေ့တယ်လို့ လူကြီးတွေပြောကြသည်။ ယခု သူနဲ့ဆုံတာ သုံးခါ ရှိလေပြီ။ သုံးခါဆုံလျှင် ဖူးစာပါလို့ ဆုံတာဖြစ်နိုင်သည် မဟုတ်ပါလား။

"သူကြီး အိမ်မှာရှိလား ကိုဖြိုး..."

"အေဖက ဟိုဘက်ရွာ ခဏသွားတယ်... ညနေလောက်တော့ ပြန်လာမယ်ထင်တယ်... ဘာပြောပေးရမလဲ..."

"ရတယ်ကိုဖြိုး... ကျွန်တော် ညေနမွ လာပြောတော့မယ်..."

"သြော်... အေးပါ... ဒါနဲ့ မင်းဘယ်နေ့က ပြန်ရောက်တာလဲ..."

"မနေ့ကပဲ ကိုဖြိုး..."

"ဟုတ္လား... ဘာကားနဲ့ပြန်လာတာလဲ မင်းက..."

"JJ နဲ့..."

"သြော်... ငါတို့က မန္တလာနဲ့... အဲ့ဒါကြောင့် မတွေ့တာ..."

"ဖြိုးေ၀... ငါတို့နဲ့ မိတ်ဆက်ပေးအုံးလေ..."

ခွန်းတစ်ယောက် ဖြိုးေ၀တို့စကား၀ိုင်းထဲ ဖြတ်ပြီးပြောလိုက်သည်။ သူမပြောလျှင် ဟိုကောင်ဖြိုးေ၀က တော်တော်နဲ့ လေကြောပြတ်မှာမဟုတ်သောကြောင့်ပင်။

"ဪ... ဟုတ်သားပဲ... နွေဦး... ဒါအကို့သူငယ်ချင်းတွေ ကျောင်းပိတ်ရက် ရွာကိုလိုက်လည်တာလေ..."

"ဟုတ်ကဲ့..."

"သူက ခွန်းသစ္စာပိုင်တဲ့... ဟိုတစ်ယောက်က မြတ်ဘုန်းနိုင်တဲ့... မှတ်ထားနော်..."

"ဟုတ် တွေ့ရတာ၀မ်းသာပါတယ်ဗျာ့..."

"ကိုယ်လည်း တွေ့ရတာ၀မ်းသာပါတယ်..."

'ပါးချိုင့်လေး...' ပါးထက်မှာ ထင်းနေအောင် ပေါ်လာတဲ့ ပါးချိုင့်လေးနှစ်ခု။ နှလုံးသားတစ်ခုလုံး ဖြောင်းဆန်သွားအောင် ဆွဲငင်သွားသော ပါးချိုင့်လေး။ ပထမအကြိမ် မျက်လုံးမှိတ်ထားတဲ့ တည်ငြိမ်မှုရှိသော ပုံစံလေးကို မြင်လိုက်ရသည်။ ဒုတိယအကြိမ် မျက်လုံးဖွင့်ထားသော အေးချမ်းသောအကြည်ဓာတ်ပုံစံလေးကို မြင်ရသည်။ ယခုအကြိမ်ဆိုလျှင် သူ့ကို ရင်ခုန်နိုင်လောက်အောင် ညှို့ယူလိုက်သော အကြည့်လေးတွေ၊ ပါးချိုင့်လေးခွက်၀င် သွားအောင် ပြုံး၍ ပြောသော စကားသံလေးတွေကို သူမြင်လိုက် ကြားလိုက်ရပြီ။

စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]Where stories live. Discover now