Part 34 (Uni)

363 15 2
                                    

စွယ်တော်ပင်အောက်က အချစ်သက်သေ

Part 34

(A/N:: ဤဇာတ်လမ်းတွင်ပါ၀င်သော ဇာတ်လမ်း၊ဇာတ်ကွက်များမှာ စာရေးသူ၏ အတွေးပုံရိပ်သာဖြစ်သည်။ အကြောင်းအရာတစ်ခုခု တူညီခဲ့ပါက တိုက်ဆိုင်မှုမျှသာဖြစ်သည်။ ဤဇာတ်လမ်း၏ဇာတ်ကွက်များနှင့် အခြားဇာတ်လမ်းမှဇာတ်ကွက်များ တူညီမှုရှိခဲ့လျှင် စာရေးသူကို လာပြောပြနိုင်ပါသည်။)

နွေ၏အပူရှိန်မှာ ညချမ်းအချိန်တွင် သိသိသာသာလျော့နည်းသွားလေပြီ။ ညဦးလေပြည် ခပ်သော့သော့ တိုက်ခတ်နေသည်ကို ပြတင်းပေါက်မှ တစ်ဆင့် ခံစားရသည်။ အခန်းပြတင်း၀တွင် ကာထားသော လိုက်ကာလေးမှာ လေထဲတွင် လွင့်၍နေလေသည်။ တနေ့လုံးပင်ပန်းလာခဲ့သော်လည်း အိပ်၍မရ။

ဒေါ်လေးမှာ မနက်ခင်းဆွမ်းထချက်ရန်အတွက် ပြင်ဆင်ပြီး စောစောအိပ်ရာ၀င်သွားလေပြီ။ တဖက်အခန်းမှ အသက်ရှူသံပြင်းပြင်းကို မကြားရသောကြောင့် လေပြည်လည်း မအိပ်လောက်သေးပေ။ အိပ်ရာထက်တွင် လှဲလျောင်းနေသော်လည်း အိပ်မပျော်၊ မျက်နှာကျက်ကိုသာ အကြောင်သား ငေးကြည့်နေမိသည်။ အေတြးမ်ားစြာ ခေါင်းထဲ၀င်လာသောကြောင့် စိတ်မော လူမောဖြစ်နေရသည်။

"နွေဦး အိပ်ပြီလား "

တံခါး၀မွ လေပြည်ခေါ်သံကြားလိုက်ရသည်။

"အိပ်သေးဘူးလား လေပြည် "

"အင်း အပြင်ခဏထွက်ထိုင်ရအောင်လေ အထဲမွာ နည်းနည်းပူတယ်မလား "

"အင်း..."

တမာပင်အောက် ကွပ်ပျစ်ပေါ်တွင် နှစ်ယောက်သားအတူထိုင်မိသည်။ ညလေလေးတဖြူးဖြူးကြောင့် အပူဒဏ်အတော်လေးသက်သာသွားသည်။ အခန်းထဲမှ ပိတ်လှောင်မှုများမရှိတော့သောကြောင့် အသက်ရှူချောင်သွားသည်။ ပတ်၀န်းကျင်တွင် အလွန်တိတ်ဆိတ်လျက်၊ ညကောင်လေးများ၏ အော်သံ၊ ဇီးကွက်အော်သံလောက်သာ ကြားရသည်။

"နွေဦး "

"ဟင် "

လေပြည်၏အသံက တိတ်ဆိတ်ခြင်းကို ဖြိုခွဲလိုက်သည်။

"မင်း... ကိုခွန်းသစ်ကို အဖြေမပေးသေးဘူးလား "

"မနေ့တနေ့ကမှ ပြောထားတာကို ငါက ချက်ချင်းကြီး အဖြေပေးစရာလား လေပြည်ရယ် "

စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]Where stories live. Discover now