Part 22 (Zawgyi)

142 3 0
                                    


Part 22

(A/N:: ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်များမှာ စာရေးသူ၏ အတွေးပုံရိပ်သာဖြစ်သည်။ အကြောင်းအရာတစ်ခုခု တူညီခဲ့ပါက တိုက်ဆိုင်မှုမျှသာဖြစ်သည်။ ဤဇာတ်လမ်း၏ဇာတ်ကွက်များနှင့် အခြားဇာတ်လမ်းမှဇာတ်ကွက်များ တူညီမှုရှိခဲ့လျှင် စာရေးသူကို လာပြောပြနိုင်ပါသည်။)

ရွာထဲမှ လည်ပတ်၍ပြန်လာခဲ့ချိန်မှာ ညနေ ၄နာရီခွဲပင်ရှိနေသေးသည်။ အိမ်ကို စောစောပြန်လာရမည်ဟုသော အရီးမြိုင်စကားကြောင့် လေးယောက်သား အချိန်မီအိမ်ပြန်ရသည်။ ၀တ်မှုန်ကို အရင်ပို့ခဲ့ပြီးနောက် နွေဦးတို့ယောက်ျားလေးသုံးယောက်သာ ကျန်ရှိနေခဲ့သည်။ ရေပက်မ၀င်အောင် စကားပြောတတ်သော ထနှောင်း အခုလို ငြိမ်နေတာကို နွေဦး သဘောမကျလှ။ တစ်ခုခုဖြစ်နေမှန်းသိသော်လည်း မေးဖို့ အခွင့်က မသာ၍ မမေးဖြစ် ခဲ့ပေ။ ယခုလည်း ထနှောင်းတို့ အိမ်အ၀င်တွင် လေပြည် အိပ်သာသွားသောကြောင့် နှစ်ယောက်ထဲ စကားပြောခွင့်ရသည်။

"ထနှောင်း"

"ဟင်"

"ဘာဖြစ်နေတာလဲကွာ ငါ့ကို ပြော..."

"ငါ ဘာဖြစ်နေလို့လဲ"

"မင်းရုပ်က ထမင်း ၇ရက်မစားရတဲ့ ရုပ်နဲ့"

"လာပြန်ပြီ နေ့ခင်းကကျတော့ ၀မ်းချုပ်နေတဲ့ရုပ်တဲ့ အခုကျ ထမင်း၇ရက်မစားရတဲ့ရုပ်တဲ့ မင်းကိုက အမျိုးမျိုးပဲ"

"မင်းကလည်းကွာ ရှည်မနေနဲ့ ပြော ဘာဖြစ်နေတာလဲ"

"ငါ ရင်ထဲ တစ်မျိုးကြီးဖြစ်နေလို့ပါ"

"ဘာတစ်မျိုးကြီးလဲ"

"ငါမပြောပြတတ်လို့ပေါ့ လဒရယ်"

"မပြောတတ်လည်း မပြောနဲ့တော့ ညမှ စာပို့လိုက်မယ်"

"အေးပါ မင်းလည်းနော် စာတွေဘာတွေ ပို့တတ်နေပြီ"

"မင်း သင်ပေးတာကို တတ်မှာပေါ့"

"အေးပေါ့ ဆရာကောင်းတပည့် ပန်းကောင်းပန်တဲ့ မင်းကတော့ ဘာပန်း ပန်လာမယ်တော့မသိ"

စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]Where stories live. Discover now