စွယ်တော်ပင်အောက်က အချစ်သက်သေPart 12
(A/N:: ဤဇာတ်လမ်းတွင်ပါ၀င်သော ဇာတ်လမ်း၊ဇာတ်ကွက်များမှာ စာရေးသူ၏ အတွေးပုံရိပ်သာဖြစ်သည်။ အကြောင်းအရာတစ်ခုခု တူညီခဲ့ပါက တိုက်ဆိုင်မှုမျှသာဖြစ်သည်။ ဤဇာတ်လမ်း၏ဇာတ်ကွက်များနှင့် အခြားဇာတ်လမ်းမှဇာတ်ကွက်များ တူညီမှုရှိခဲ့လျှင် စာရေးသူကို လာပြောပြနိုင်ပါသည်။)
"နွေဦး!!"
"ခွန်းသစ်!!"
နွေဦးတို့နှစ်ယောက် ပြန်လာတာမိုးချုပ်ပြီမို့ အားလုံးစိတ်ပူနေကြသည့်ပုံပင်။ ဖြိုးေ၀နဲ့ ထနှောင်းမှာ ရွာလယ်လမ်းမတွင် ရပ်စောင့်နေခဲ့သည်။ နွေဦးတို့ကို တွေ့သည်နှင့် အားလုံး၀မ်းသာသွားကြလေသည်။
"မင်းတို့ကလည်း မိုးချုပ်လိုက်တာကွာ..."
"ဟုတ်တယ်... ငါမင်းတို့ကို စိတ်ပူနေတာ နွေဦးရဲ့..."
"မင်းဖုန်းကို ဆက်နေတာ စက်ပိတ်ထားတယ်ပဲ ပြောနေလို့ တစ်ခုခုများဖြစ်နေလားလို့ ခွန်းသစ်ရာ..."
ထနှောင်းနှင့် ဖြိုးေ၀၏ မျက်နှာကိုကြည့်ခြင်းအားဖြင့် သူတို့ကို အလွန်စိုးရိမ်နေကြသည်မှာ ပေါ်လွင်နေသည်။
"ဟုတ်တယ်... နွေဦး မင်းကလည်း ဖုန်းကို အိမ်မှာထားခဲ့ရတယ်လို့... ငါတို့မှာ စိတ်ပူနေရတာ..."
ထနှောင်းက အောင့်တောင့်တောင့်ဖြင့် ပြောလာသည်။
"အိမ်မှာ ငါဖုန်းအားသွင်းထားခဲ့မိတာ... "
"ငါဖုန်းက အားကုန်သွားလို့ စက်ပိတ်သွားတာထင်တယ်..."
နွေဦးရော ထနှောင်းရော ဖြောင့်ချက်ပေးလာသောကြောင့် ထနှောင်းတို့လည်း ဆက်ပြောမနေတော့ပေ။။ ဘာပဲဖြစ်ဖြစ် အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်ပြီမို့ စိတ်ပူတာလျော့သွားခဲ့လေသည်။
"ဘာပဲဖြစ်ဖြစ်ပါ... မင်းတို့ ပြန်ရောက်ပြီဆိုတော့ စိတ်အေးရပါပြီ..."
"ဟုတ်တယ်... ငါနဲ့ ကိုဖြိုးက စိတ်ပူနေတာ... မိုးကလည်းချုပ် မှောင်မှောင်မဲမဲဆိုတော့ တစ္ခုခုမ်ား ဖြစ်နေကြလားလို့..."
YOU ARE READING
စွယ်တော်ပင်အောက်က အချစ်သက်သေ[Ongoing]
Romance"နွေရာသီမှာ တွေ့တဲ့ နွေဦးဆည်းဆာကို ချစ်တယ်..." 💙ခွန်းသစ္စာပိုင်💙 "အချစ်ဆိုတာကို နားမလည်ပေမယ့် အကို့ကိုတော့ ချစ်မိနေပြီထင်တယ်..." 💙နွေဦးဆည်းဆာ💙 "ငါသာ သတ္တိရှိခဲ့မယ်ဆိုရင် မင်းအချစ်ကို ငါအရင်ရခဲ့မှာ... ခုတော့ ဒုတိယလူအဖြစ် ကျန်ရစ်ခဲ့ပြီပဲ..." 💙...