Unicode
အခန်း - (၂၄) ဘာလို့ ငါ့ကို လာမရှာတာလဲ။
ရီဟန်သည် ယခု ကြက်ကြော် စားသောက်ဆိုင်တွင် အခြားသူများနှင့် စားပွဲဝိုင်း အတူတူထိုင်သည့် ဒုတိယအကြိမ် ဖြစ်သည်။
ရီဟန် နှင့် လီချန်တို့သည် စားပွဲတစ်ဖက်တွင် ထိုင်ကြပြီး တစ်ဖက်တွင် လွီခယ့် နှင့် ထျန်ကျစ်တို့က ထိုင်ကြသည်။ ကြက်ကြော်၊ အဆာပြေ နှင့် ကိုကာကိုလာ သည် စားပွဲ၏ နေရာလွတ်များတွင် နေရာယူထားသည်။
လွီခယ့်က ရီဟန့်ကို ” နတ်ဘုရားရှောင် ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ”
ရီဟန်က လီချန်ကို ” လီလီမွန်က အခုမှ မွေးတာဆိုတော့ သူ့ရဲ့ ခုခံအားက နည်းနေသေးတယ်။ မင်းကဘာလို့ ထုတ်ပြီး သူများတွေကိုင်အောင်လုပ်တာလဲ ”
လီချန်က ထျန်ကျစ်ကို ” ထျန်ကျဲ ငါတို့ ဆက်ပြီး ဆွေးနွေးလို့ ရမလား ”
ထျန်ကျစ်က လီလီမွန်ကိုကြည့်၍ ” ဒက်ကီ မင်းဒီက အစ်မနဲ့ အိမ်ပြန်ချင်လား ”
လီလီမွန်က စားပွဲပေါ်မှ ကြက်သား အရိုးတွေကို ကြည့်ပြီး ” ဂါး ”
ဆိုင်ထဲမှ လူတိုင်းက သူတို့ မိတ်ဆွေများနှင့် သူတို့ စကား ပြောရင်း ရယ်မောနေ ကြသည်။ သူတို့အားလုံးက သူတို့အတွက် စွဲဆောင်မှုတခုကို မြင်တော့ နားထောင်လိုက် ကြသည်။ သူတို့ကတော့ သူတို့ ပတ်ဝန်းကျင်ရှိ လူများကို လျစ်လျူရှု့ထား လိုက်ကြပြီး သူတို့ရှေ့တွင် ရှိနေသောအရာကိုသာ အာရုံစိုက်လိုက် ကြသည်။
လူလေးယောက်နှင့် ဘဲတစ်ကောင်သည်တော့ သိမ်မွေ့သော အခြေအနေကို ထိန်းထားကြ၏။
ဟူကောသည် ငွေရှင်းကောင်တာ နောက်တွင် ပုန်းနေသည်။ သူက အခြေအနေကို စောင့်ကြည့်ပြီး သူ့အဖွဲ့ကို တစ်ပြိုင်နက်တည်း ငွေရှင်း ပေးခဲ့သည်။
【ကျားလေးများ】
ခဲအိုသည် အခြား alpha နှင့် တိတ်တဆိတ် တွေ့ဆုံနေသော လီကောအား ဖမ်းမိခဲ့သည်။
ကျားလေးများ ” ဒါကတကယ့်ကို သတ်ကွင်းလား၊ ငါဒီမှာ စောင့်ကြည့်ရင်း ရှိနေမယ်၊ ဒါက ငါ အကြိုက်ဆုံး ဇာတ်ကွက်ပဲ ”