အခန်း ၂၈

1.5K 178 1
                                    

Unicode

အခန်း - (၂၈) ရှောင်ရီဟန် နေမကောင်းဘူး။

လီချန်သည် ဤမျှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ခေါင်းအုံးကို ထိလိုက်သည်နှင့် ကောင်းကင်ကြီး တောက်ပနေချိန်တွင် သူ အိပ်ပျော်သွားသည်။

အဆောင်ထဲမှာ တစ်ယောက်မှ မရှိပါဘူး။ သူ့အခန်းဖော်တွေက အတန်းတက်ဖို့ စောစောထပြီး သူတစ်ယောက်တည်း အိပ်နေခဲ့သည်။ သူကတော့ သူ့ခန္ဓာကိုယ်ထဲက ကြွက်သားတိုင်း ခွန်အားပြည့်နေသလို ခံစားလိုက်ရသည်။ ထိုအချိန်တွင် ငါးကီလိုမီတာ ရေကူးခြင်းသည် သူ့အတွက် ပြဿနာ တစ်ခု မဟုတ်ဟု သူယုံကြည်သည်။ သူအတွက် မယုံနိုင် လောက်အောင်ပင် ဖြစ်ခဲ့သည်။ ဒါက ယာယီ အမှတ်အသား ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများလား။  

သူသည် သူ၏ ရာသီစက်ဝန်း မတိုင်မီကထက်ပင် ပိုကောင်းနေခဲ့သည်။ ယခု သူ့ခန္ဓာကိုယ်က အလွန်ပေါ့ပါးနေသကဲ့သို့ ခံစားရတာ သူ့စိတ်က ကြည်လင်နေသည်။ ဖယ်ရှားဖို့ရန် မဖြစ်နိုင်သော ယားယံမှုတွေက ပျောက်သွားသည်။

သူ ခုတင်ပေါ်မှ ခုန်ဆင်းလိုက်သော်လည်း သူ့ခြေဖဝါးက မြေပြင်နှင့် ထိလိုက်သည်နှင့် သူ၏ ဘယ်ဘက်ပေါင်သည် ရုတ်တရက် အားနည်းလာပြီး ခိုင်မြဲစွာ မရပ်နိုင်တော့ပေ။

“ ကျွတ်...ကျွတ် ” 

သူ ညင်ညင်သာသာ ညဝတ်အင်္ကျီကို ချွတ်လိုက်ပြီး သူ့ပေါင်အတွင်းပိုင်းကို စစ်ကြည့်လိုက်သည်။

မနေ့က အကိုက်ခံရသည့် အမှတ်အသားသည် ယခု အနာဖေးများ အဖြစ်သို့ ပြောင်းလဲသွားသော်လည်း ၎င်း၏ ပတ်ပတ်လည်မှာ နီရဲနေဆဲဖြစ်သည်။ လမ်းလျှောက်သည့်အခါ သူ့ပေါင်အတွင်းပိုင်း၏ ပွတ်တိုက်မှုကြောင့် ထူးဆန်းစွာ ထုံကျင်ခြင်းကို ဖြစ်စေသည်။ ထို့ကြောင့် သူသည် ခြေထောက်ကို ခြေလှမ်းကျယ်သာ ဖြန့်ပြီး သူ့ဂလင်းကို တတ်နိုင်သမျှ မထိမိအောင် လျှောက်နေရသည်။ 

ရှောင်ရီဟန် ထားခဲ့သော လက်ကိုင်ပုဝါသည် သွေးများဖြင့် စွန်းထင်းနေသည်။ စွန့်ပစ်ချင်ပေမယ့် နောက်မှာတော့ သူက သိမ်းထားလိုက်ပြီး ရေဆေး၊ အခြောက်ခံကာ သူ့အဝတ် ပုံးထဲမှာ ထည့်ထားလိုက်သည်။

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးWhere stories live. Discover now