အခန်း ၇၄

759 101 0
                                    

74 01

Ch74 – "ပြိုင်ပွဲဝင် လီချန်၊ ငါမင်းနောက်လိုက်နေတာ အချိန်အတော်ကြာခဲ့ပြီ"

လီချန်မြောက်ဘက်သို့ ထွက်ခွာမည့်နေ့တွင် ရေကူးအဖွဲ့တစ်သင်းလုံး သူ့အားလိုက်ပို့ခဲ့ကြသည်။ သူသည် ၁၇နှစ်အတွင်း ပထမဆုံးအကြိမ် လေယာဉ်စီးရတော့မည်ဖြစ်သည်။ သူသည်လူစည်ကားနေသော လေဆိပ်၌ ကြောင်ကာရပ်နေခဲ့သည်။ နည်းပြဝူသည် သူ့အား check-in လုပ်ရန်ကူညီပေးခဲ့သည်။ ထိုသို့မဟုတ်လျှင် သူ့ခရီးဆောင်အိတ်အား check-in လုပ်မည့်နေရာကိုပင် မတွေ့ခဲ့ပါ။

အလုပ်သွားရက်ဖြစ်သောကြောင့် ရှောင်ရီဟန်သည် အတန်းတက်ရသည်။ မနေ့ညက လီချန်သည် သူ့အားလိုက့်မပို့ရန် ပြောခဲ့သည်။ ရှောင်ရီဟန်သည် တိတ်တဆိတ်အတန်းပျက်ကာ လေဆိပ်ဧည့်ခန်းတွင် အချိန်မီပေါ်လာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

လီချန်၏ပါးစပ်မှာ "အရင်ပြုမူပြီး နောက်မှ တင်ပြပါ"ဟူသော အပြုအမူအား မကျေမနပ်ပြောဆိုသော်လည်း သူသည်တိတ်တဆိတ်အပျော်လွန်နေခဲ့သည်။

သူသည် ရှောင်ရီဟန်၏လက်အား တင်းကျပ်စွာဆုပ်ကိုင်ကာ သူ၏ညီငယ်လေးများအဖွဲ့ဆီသို့ လမ်းလျှောက်သွားရင်း သူတို့အားပြောလိုက်သည်။ "ငါနှစ်လလောက်မရှိဘူး။ ဒီအချိန်မှာ မင်းတို့ရဲ့မရီးကို ငါ့အစားစောင့်ရှောက်ထားပေး"

ညီငယ်လေးများ: "..."

ရှောင်ရီဟန်: "..."

လီချန်၏အမူအရာမှာ လေးနက်နေသော်လည်း တကယ်တမ်း သူကြည်‌နူးနေခဲ့သည်။ သူသည်ဟောင်ကောင်ကျွန်းရုပ်ရှင်များကြည့်သည့်အချိန်တိုင်း သူသည်ရုပ်ရှင်များထဲ ညီနှောင်များအတွက် ကုဒ်တစ်ခုဖြစ်သော "ငါ့အစား မင်းတို့မရီးကိုစောင့်ရှောက်ထားပေး"ဟူသည့်စာသားကို အထူးပြောချင်နေခဲ့သည်။ ၎င်းသည် အထီးကျန်သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့သော ရင့်ကျက်သည့် လူတစ်ယောက်၏အရသာကို ခံစားမိစေခဲ့သည်။ သူသည်အိပ်ဆောင်ရှိ မှန်ရှေ့၌ ဤစာကြောင်းကို အပြန်ပြန်အလှန်လှန်လေ့ကျင့်သည့် အရေအတွက်ကိုပင်မသိတော့ပေ။ ယနေ့သူသည် ထိုအရာအားပြောရန် အခွင့်အရေးကိုရှာတွေ့ခဲ့သည်။

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးDonde viven las historias. Descúbrelo ahora